အပိုင်း (၃၆၉) လူချောလေးစကိတ်သမား သခင်ကျို့

356 46 0
                                    

အပိုင်း (၃၆၉) လူချောလေးစကိတ်သမား သခင်ကျို့

ချင်မော့က တစ်ဖန် မတ်တတ်ပြန်ရပ်လိုက်ချိန်အထိ အခြေအနေမှာ တစ်ချိန်လုံး အနေရခက်နေတော့သည်။

သူသည် သူ့အင်္ကျီကို လှမ်းဆွဲလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်လေသည်။

“ အဲကောင်လေး ရောက်တော့မယ်၊ ငါသွားပြီနော်၊ မင်းတို့တွေ ဆက်ပျော်လိုက်ကြ”

“နေပါအုံး၊ အားလုံးအတူတူသွားကြရအောင်ပါ”

ဟန်ဖုန်းသည် ထိုအရှုံးသမားလေး သခင်လေးဖူးကို မြင်ချင်သွားတော့သည်။

တစ်ယောက်ယောက်က ဘယ်လိုနည်းနဲ့များ ချင်မော့ရဲ့ ဒီလိုအထူးတလည် အရေးပေးခံနေရတာတဲ့လဲ။

ကောင်ချောလေးနှင့် မိန်းမချောလေး တစ်သိုက်လုံးသည် နိုက်ကလပ်ထဲမှ တစ်ချိန်ထဲ ထွက်လာကြပြီး အတန်ငယ်ထည်ဝါသည့် မြင်ကွင်းတစ်ခု ဖြစ်သွားတော့သည်။ လူအများသည် လှမ်းကြည့်နေကြ၏။

အပြင်ဘက်တွင် အေးနေ၏။ ဆောင်း၏အအေးဓာတ် ပိုလာသည်နှင့်အမျှ မြူနှင်းများလဲ ဆိုင်းနေ၏။ စကားပြောလိုက်လျှင် အဖြူရောင်အငွေ့ကိုတောင် မြင်ရလေသည်။

ဟန်ဖုန်းနှင့် ကျော့ကျန်းတို့သည် အတူတူထွက်လာကြ၏။ အေးခဲလှသည့် တိုက်ခတ်လာသည့် လေဘက်သို့ မျက်နှာမူလိုက်ကြလေသည်။

“ စုစု နင်တို့မိန်းကလေးတွေ အထဲဝင်ကြတော့၊ ငါတို့ အစ်ကိုမော့ကို လိုက်ပို့ပေးလိုက်မယ်”

ဟန်စုစုသည် လုံးဝ ပြန်လှည့်ဝင်သွားမည် မဟုတ်ချေ။ သူမသည် ထိုအရှုံးသမားသခင်လေးဖူကို ကြည့်ရအုံးမည်ဖြစ်ပြီး သူ့ကို ပြဿနာရှာချင်သေးသည်။

ဟန်ဖုန်းသည် အခြေအနေကို ထိန်းသိမ်းရန် လိုအပ်ရာ ထပ်ပြောလိုက်လေသည်။

“ အထဲဝင်တော့”

ဟန်စုစုသည် ထပ်ပြောလိုက်ချင်၏။

သို့သော် သူမသည် ယောကျ်ားတစ်ယောက်၏အရိပ်က သူတို့ကားကို ပိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ ထိုအရိပ်မှာ စကိတ်ဘုတ်တစ်ခုပေါ်တွင် ရပ်နေ၏။ သူ့မျက်နှာသည် အတော်ပင် မသဲကွဲနေရာ သူမသည် လွှားခနဲသွားလိုက်ပြန်လိုက်နှင့် သူဘာလုပ်နေသည်ကို သေချာမသိပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now