အပိုင်း (၂၁၁) ငါတို့ရဲ့ယုံကြည်ချက်

753 76 1
                                    

အပိုင်း (၂၁၁) ငါတို့ရဲ့ယုံကြည်ချက်

ရွှယ်ယောင်ယောင်သည် သူမ၏ရှေ့တွင်ရပ်နေသော ထို အလွန်အမင်း ချောမောနေသော လူငယ်လေးကို ငေးမောကာ မော့ကြည့်လိုက်သည်။

ဖူကျို့သည် အသာရယ်လိုက်ပြီး “ မမေ့နဲ့လေ လူရွေးပွဲကို အပိုင်ကိုင်ဖို့က ငါတို့ရဲ့ပန်းတိုင်ပဲ”

ကောင်လေး၏ကိုယ်နေဟန်ထားသည် နတ်ဆိုးဟန် ချောမောမှုနှင့် ပေါင်းစပ်ကာ လူတွေရဲ့သွေးကို ဆူပွက်အောင် လုပ်နေလေသည်။

ရွှယ်ယောင်ယောင်သည် သူငယ်ချင်းရှာရန် <သူရဲကောင်း>ဂိမ်းတွင် ကစားနေကြဖြစ်ပြီး သူမသည် ဂိမ်းလောကတွင် လက်တွေ့ဘဝမရှိကြောင်း သူမကိုယ်သူမ ဖြေသိမ့်နေတတ်သည်။

သို့ရာတွင် ယခုတော့ သူမသည် သည်အရာများကို ရှာတွေ့သွားရုံမျှမက တိုက်ခိုက်နည်း သန်မာနည်းကိုလည်း သူမ လေ့လာခဲ့ရသည်။

ဒါက စစ်မြေပြင်ပဲ

မင်းသားလေးကျို့က ဘုရင်ဆိုရင် ငါတို့က သူရဲ့သစ္စာခံနောက်လိုက်နဲ့ မြင်းရုပ်တွေပဲ

ငါတို့အားလုံးကိုယ့်ဟာကို ဒါကို အချိန်တိုင်း သတိပေးနေရမယ်။

ငါတို့တွေ သန်မာလာတာနဲ့ စော်ကား လှောင်ပြောင်တာခံရတဲ့အချိန်တိုင်း ငါတို့တွေ “ လက်မခံဘူး” ဆိုတာကို ကြွေးကြော်နိုင်ရမယ်

ဒီပြိုင်ပွဲက ဂိမ်းတစ်ခုပဲ မဟုတ်တော့ဘူး

သူတို့ရဲ့ဂုဏ်သိက္ခာအတွက် တိုက်ရမဲ့ပွဲပဲ

မနက်ဖြန်ရောက်တာနဲ့ မင်းသားလေးကျို့က အမှန်တကယ် < Spade Z>ဆိုတာ လူတိုင်းသိသွားရင် ဘယ်သူမှ သူမကို ထပ်ပြီး အထင်သေးရဲတော့မှာ မဟုတ်ဘူးမလား

ပြိုင်ပွဲမတိုင်ခင်ညသည် တချို့လူများကို အိပ်မရအောင် လုပ်နေလေသည်။

ရွှယ်ယောင်ယောင်သည် ထိပ်ဆုံး။ သူမသည် သင်္ချာအိမ်စာ လုပ်ပြီးသွားသောအခါ သူမကိုယ်သူမ စောစောအိပ်ရန် တွန်းအား ပေးလိုက်သော်လဲ အိပ်မပျော်ပဲ ဟိုလှိမ့်သည်လှိမ့် ဖြစ်နေလေသည်။ နောက်ဆုံးတွင် သူမသည် ထထိုင်လိုက်ပြီး မင်းသားလေးကျို့ဆီက သင်ထားသော နည်းဗျူဟာများကို စ,လေ့ကျင့်လိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now