အပိုင်း (၂၂၆) မင်းသားလေးကျို့ရဲ့ပြင်းထန်တဲ့တိုက်ကွက်က တစ်သင်းလုံးကို ဇာတ်သိမ်းပေ

783 90 0
                                    

အပိုင်း (၂၂၆) မင်းသားလေးကျို့ရဲ့ပြင်းထန်တဲ့တိုက်ကွက်က တစ်သင်းလုံးကို ဇာတ်သိမ်းပေးလိုက်တယ်

“တ-တာ” အသံတခုနှင့်အတူ စာရိုက်သံစည်းချက်များ ပြေးထွက်လာကာ ကြည်လင်အေးမြသည့် အသံစီးကြောင်းကို အားလုံးကြားလိုက်ရသည်။

“ ယောင်ယောင် အစ်ကိုရင်းကို နင့်ရဲ့ HPပေးလိုက်”

“အင်း”

ရွှယ်ယောင်ယောင်သည် အကောင်းဆုံးပူးပေါင်းလုပ်ဆောင်လိုက်သည်။

တချိန်လုံးလစ်လျူရှုခံထားရသည့် ဒီကောင်မလေးက သူမ၏မောက်စ်ကို ပြောင်းလိုက်ပြီး အချိန်မှီ ဆေးပုလင်းကို ထုတ်ပေးလိုက်သည်။

ဖူကျို့က ဆက်ပြောနေဆဲ

“ ဖန်းရှန် ငါ့ကို ထောက်ပံ့ပေး”

“အင်း”

ဖူကျို့က သူမကိုယ်ပိုင်ဇာတ်ကောင်ကို ကစားနေရုံမကဘဲ အခြေအနေတစ်ခုလုံးကိုလဲ ထိန်းချုပ်နေတယ် ဆိုတဲ့အဓိပ္ပာယ်ပေါ့။

ဖူရှီမင်၏အသင်းသားများသည် ဒါကိုမြင်တော့ ရွှယ်ယောင်ယောင်ကို သတ်ချင်စိတ်ပေါက်သွားလေသည်။

သူမသာ ရင်းဝူယောင်ကို သွေးဖြည့်ပေးတာ အောင်မြင်သွားရင် <ယင်တောင်ရဲ့မြောက်ပိုင်းသခင်>  ပြန်အသက်ဝင်လာပြီး ချတော့မှာပဲ။

သူ့ခြေထောက်ကို မလှုပ်ရှားရသေးခင်မှာပဲခေါင်းပေါ်မှာ  <ကျို့>သင်္ကေတနဲ့ယောကျ်ားလေးပုံရိပ်က သူ့ဘေးမှာ ပေါ်လာတော့တယ်။ နေရာအနှံ့က လေတွေက သူ့ဟာသူရောက်လာပြီး သူ့ကုတ်အင်္ကျီအဖြူကို တိုက်ခတ်လိုက်သယောင်။

သူ အမြန်ကြီး ရောက်လာတာ။

တကယ့်ကို သိပ်မြန်တာပဲ။

အဲဒါဘယ်သူလဲဆိုတာတောင် သူသေချာမသိလိုက်ဘူး။

ဖူကျို့ရဲ့လက်လှလှလေးတွေက အနက်ရောင်ကီးဘုတ်ပေါ်မှာ က,နေကြလေရဲ့။ သူမရဲ့ချောမွေ့တဲ့လှုပ်ရှားမှုနဲ့ လုပ်ဆောင်ချက်တွေက သေကွင်းသေကွက်တစ်ခုကို လွှတ်ထုတ်လိုက်တော့တယ်။

စက္ကန့်ပိုင်းအတွင်း ဖန်သားပြင်တစ်ခုလုံး ငွေရောင်အလင်းတွေနဲ့လင်းထိန်သွားပြီး အလုံးစုံ ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါကို ဖန်တီးလိုက်တော့တယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now