အပိုင်း (၃၂၃) ခေါင်းစဥ်မပါသော
နောက်တစ်နေ့တွင် ကောင်းကင်သည် အပြည့်အဝ မလင်းရှင်းသေးချေ။
ဖူကျို့သည် ရေချိုးခန်းထဲတွင် ရပ်နေလိုက်ပြီး သူမကိုယ်သူမ စတင်စစ်ဆေးလိုက်လေသည်။
မနေ့ကအဖြစ်အပျက်ကိုတွေ့ကြုံပြီးနောက်တွင် သူမသည် ပိုသတိဝီရီယရှိလာသည်။
သူမသည် တံခါးကို လော့ချထားပြီး မှန်ကိုမျက်နှာမူကာ သူမ၏ခန္ဓာကိုယ်ကို စည်းနှောင်လိုက်ပြီးနောက် ဆွယ်တာနှင့် ကုတ်အင်္ကျီကို ဝတ်လိုက်သည်။
ခေါင်းလျှော်ပြီးနောက် ဆံပင် ပွယောင်းယောင်းပိုဖြစ်နေလေသည်။
သူမသည် တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အေးချမ်းစွာအိပ်မောကျနေသည့် ကြီးမြတ်လှသည့် သခင်လေး၏မျက်နှာကိုသာ တွေ့လိုက်ရသည်။
သူမသည် သူ့အသွင်အပြင်ကို မြင်လိုက်ရသည်။ သူသည် ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို တင်ထားသည်။ သူ့မျက်လွှာများချထားချိန် ကျရောက်နေသောအရိပ်သည် သူ့ကို အလွန်ခံ့ညားနေစေလေသည်။
ဤမျှလောက်ကောင်းသည့် မျိုးရိုးဗီဇ၏ကျေးဇူးကြောင့် ကြီးမြတ်လှသည့် သခင်လေ၏ အသွင်အပြင်သည် ဤသို့ဖြစ်နေခြင်းဖြစ်သည်။
မည်သို့ဆိုစေ ကြီးမြတ်လှသည့်သခင်လေးအိပ်နေစဥ် ဖူကျို့လုပ်ရမည့်အလုပ်မှာ သူမ၏ဖုန်းကို ယူကြည့်ရန်ပင်ဖြစ်သည်။
သူမသည် မနေ့က WeChatတွင် ဖုန်းလေးပို့ထားသည့်စာကို မပြန်ရသေးချေ။
သို့သော်ငြား လုံးဝမထင်ထားသည်မှာ သူမ၏ဖုန်းလက်ထဲရောက်လာသည်နှင့် စခရင်ပေါ်တွင် ဖုန်းလေး၏ အရေးပေါ်ခေါ်ဆိုမှုမဟုတ်ဘဲ ထိုအစား သူ့အစ်ကိုကြီး မန်နေဂျာဖုန်း၏ ခေါ်ဆိုမှုကို တွေ့လိုက်ရသည်။
မန်နေဂျာဖုန်းသည် တဲ့တိုးပြောထားလေသည်။
“Z မင်း Weiboထဲ ဝင်ပြီး ပုံနည်းနည်းလောက်တင်လိုက်၊ စီအီးအိုချင်ကို ကြည့်မနေနဲ့၊ အဲကောင်က သူ့Weiboကို လွှတ်ထားတာကြာပြီ”
ဖူကျို့သည် ထပ်စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“ သူ ပိုစ့်တင်ရတာ မကြိုက်ဘူးဆိုရင် ငါလေး သူ့အတွက်တင်ပေးမယ်လေ၊ ဘယ်လိုသဘောရလဲ”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်