အပိုင်း(၂၃၄) ရဲရဲတောက်နှလုံးသား

752 80 2
                                    

အပိုင်း(၂၃၄) ရဲရဲတောက်နှလုံးသား

Supremeအသင်း အသစ်ကို စုစုပေါင်း လူဆယ့်တစ်ယောက်နှင့် ဖွဲ့စည်းလိုက်သည်။

ချင်မော့သည် အလယ်အကျဆုံးနေရာတွင် ရပ်နေပြီး အသင်းသားများသည် တန်းစီကာ တစ်ယောက်စီတိုင်းသည် အသင်းဝတ်စုံကို ဝတ်ဆင်ထားရာ ဖော်မပြတတ်အောင် ခန့်ညားနေလေတော့သည်။

တရိပ်ရိပ် ထွက်လာသော အရောင်အဝါသည် ဟိုတုန်းက အန်နီမေးရှင်းလောကတွင် နာမည်ကြီးခဲ့သော Slam Dunk ကဲ့သို့ပင် လူတို့၏နှလုံးသားကို သိမ်းကျုံး လောင်မြိုက်သွားတော့သည်။

သည်ပုံရိပ်များကို အဓိက အင်တာနက် ကွန်ရက်များကတဆင့် အချိန်နှင့်တပြေးညီ ထုတ်လွှင့်နေသည်။

ဤပုံရိပ်များကိုကြည့်ကာ မည်မျှသောယောက်ျားလေးဖန်နှင့် မိန်းကလေးဖန်တို့သည် သူရဲကောင်းဂိမ်း နောက်တစ်ကြိမ် မဆော့ဘဲ မနေနိုင်အောင် ဖြစ်နေကြမည်နည်း။

ထိုအခိုက်အတန့်တွင် ဟိုတယ်ခန်းမကြီးအတွင်းတွင် လုပ်ငန်းသဘောအရ ပြုလုပ်ထားသော ဝိုင်ပါတီတစ်ခုကို ကျင်းပနေလေသည်။ ဒေါ်လာသိန်းချီတန် သားမွှေးကုတ်ကို ဝတ်ဆင်ထားသော ထိန်းထိန်းသိမ်းသိမ်းရှိသည့် အမျိုးသမီးသည် ဖူကျုံးရီ၏လက်မောင်းကို ချိတ်ထားသည်။ သူ၏မိတ်ကပ်အပြင်အဆင်မှာ သိမ်မွေ့လှပပေသည်။ သူမ၏ကျန်လက်တစ်ဖက်တွင် အနီရောင်ဝိုင် အပြည့်ထည့်ထားသော ဝိုင်ခွက်ကိုကိုင်လျက် ရင်းနှီးမြှုပ်နှံသူများနှင့် ဂုဏ်ယူစွာ ခွက်ချင်းတိုက်လိုက်သည်။

“ သူဌေးလီ ရှင်က ကျွန်မတို့ ဖူမိသားစုအသင်းကို ရွေးလိုက်တာ သိပ်အမြင်ရှိတာပဲ”

အလှပဂေးလေးများ၏ ချီးမွှမ်းခံရသည်ကို မကြိုက်သည့်ယောက်ျား ဘယ်မှာရှိမည်နည်း။ အထူးသဖြင့် သူဌေးလီသည် သံယောင်လိုက်ကာ ရယ်လိုက်ပြီး သူ့လက်များကို လှုပ်ရှားနေလေသည်။

“အမြင်နဲ့ပတ်သက်လာရင်တော့ သူဌေးစုက ပိုတော်တာပါ။ ခင်ဗျားက လေ့ကျင့်ပြီးသား အဖိုးတန်ကစားသမားတွေကိုတောင် ခေါ်ထားနိုင်တယ်လေ။ အရည်အချင်းစစ်ပြိုင်ပွဲအသစ် ပြီးသွားရင်တော့ ဖူမိသားစုရဲ့ ဂုဏ်သတင်းက တလောကလုံးကို ပျံ့နှံ့သွားလောက်တယ်။ ကျွန်တော်တို့ရဲ့ ကံကောင်းတဲ့နေ့ရက်တွေကလဲ စောင့်နေပြီလေ။ သူဌေးဖူမှာ ဒီလိုတော်တဲ့ ဇနီးတစ်ယောက်ရထားတာ တကယ့်ကို အားကျစရာပါပဲဗျာ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now