အပိုင်း ( ၃၈၈) ဘာမှမဖြစ်ခြင်းက အမြဲလိုလို တစ်ခုခုဖြစ်ခြင်းပဲ
တခြားဘက်တွင်တော့။
ပြိုင်ပွဲရှုံးသွားသည့် ဖူရှီမင်သည် သူ့ညာဘက်ခြေထောက်ဖြင့် သစ်သားကုလားထိုင်ကို ခပ်ကြမ်းကြမ်း ကန်ကျောက်ပစ်လိုက်၏။
“ သူတို့က သာမန်လူတွေမဟုတ်ဘူး”
အမှတ် (၁)အလယ်တန်းကျောင်းသားများသည် စကားမပြောရဲကြပေ။
ဖူရှီမင်သည် ထိုအရှုံးကို ဘယ်လိုဖြေဆည်ရမည်မသိဖြစ်နေ၏။
“လျိုကျုံးမင်”
“ ဟုတ်”
လျိုကျုံးမင်သည် မြန်မြန် ပြန်ထူးလိုက်၏။
ဖူရှီမင်သည် မျက်မှောင်ကျုံ့ထားပြီး
“ မနက်ဖြန်ကျရင် သူတို့အတွက် ကစားပေးခဲ့တဲ့သူကို သွားမေးလာခဲ့”
“ အိုကေ”
လျိုကျုံးမင်သည် နှုတ်ကတော့ သဘောတူလိုက်သော်ငြား ဒါသည် အလွန်ခက်ခဲကြောင်း သူသိလေသည်။
အမှတ် (၂) အလယ်တန်းကျောင်းသားများသည် ဂိမ်းကစားရာ၌ အမှတ် (၁)အလယ်တန်းကျောင်းသားများထက် အမြဲတမ်း ပိုတော်ကြ၏။
သူသည် အမှတ် (၂)အလယ်တန်းကျောင်းမှ လူများကို မည်သို့ သွားမေးလို့ရမည်နည်း။
သို့သော် သူတို့ကို ချဥ်းကပ်ရန် တခြားနည်းလမ်းကိုစဥ်းစားဖို့ လိုအပ်ပေသည်။
အပြင်ဘက်တွင် တဖြည်းဖြည်း ပိုမှောင်လာ၏။
အသားကင်ဆိုင်ထဲမှ လေထုသည် ညင်းသိုးသိုးဖြစ်နေ၏။
ချင်မော့သည် သူ့လက်ကို ရုတ်တရက်ပြန်ရုတ်လိုက်ရသည့် အကြောင်းအရင်းကို ရှင်းပြရန် အခက်တွေ့နေ၏။ စခရင်သည် အချိန်ကိုက်တွင် လင်းလာတော့သည်။
အတွင်းရေးမှူးလျန်ဖြစ်၏။
“သူဌေးချင် ဘယ်မှာလဲ”
ချင်မော့သည် လှမ်းကြည့်လိုက်၏။ သူ့တိုးညင်းလှသည် အသံသည် အကြောင်းအရင်းမရှိဘဲ အနည်းငယ်အားလျော့နေတော့သည်။
“ ဘာဖြစ်လို့လဲ”
“သခင်လေးဟန်က သူဌေးကို စိတ်ပူနေလို့၊ သူဌေးကို မေးပေးဖို့ ကျွန်တော့်ကိုပြောလာလို့ပါ”
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်