အပိုင်း (၃၆၂) ပြဿနာရှာမယ်

325 38 0
                                    

အပိုင်း (၃၆၂) ပြဿနာရှာမယ်

ကိစ္စတွေကို ဒီမှာ ရပ်ထားသင့်ပြီ။

COCOသည် အချိန်တော်တော်ကြာသည်အထိ တွေဝေနေပြီးနောက် ချင်မော့ကို လေသံငယ်လေးဖြင့် ပြောလိုက်၏။

“ ကာလီအသင်းကလူတွေက ကျွန်တော်တို့ကို အမြဲအကူအညီတောင်းနေတယ်၊ ခေါင်းဆောင် ပြီးခဲ့တဲ့တစ်ခေါက် ကိစ္စကို ဒီအတိုင်းထားလိုက်ပြီး....”

ချင်မော့သည် ပြန်မဖြေဘဲ သူ့ကို တစ်ချက်သာ ကြည့်လိုက်၏။

ထိုအကြည့်ကြောင့် COCOသည် ထိုပြဿနာမှာ ဖျန်ဖြေလို့မရတော့သည်ကို နားလည်သွားတော့သည်။

ကာလီအသင်းသည် Supremeအသင်းကို ညစာကျွေးရင်း သူတို့ကို သေသေချာချာနှုတ်ဆက်မည်ဟု စဥ်းစားထားခဲ့၏။

နောက်ဆုံးတွင် Supremeအသင်းသည် ဆာကူရာအသင်းကို သွားခြင်းက သူတို့၏အမျက်ဒေါသကိုလဲ ပွင့်ထွက်သွားစေလေသည်။

ကာလီအသင်းသားများသည် COCOကို အရင်ဆက်သွယ်လိုက်ကြ၏။ အကြောင်းမှာ သူတို့အားလုံးက အချင်းချင်း ခင်မင်ကြသောကြောင့်ပင်။

သူတို့သည် COCO က “ အဆင်မပြေဘူး” ဟု ပြန်ပြောလာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ထိုမိန်းကလေးသည် ဟာနှောကာ ပြောလိုက်၏။

“ ဘာအဆင်မပြေစရာရှိလို့လဲ၊ မိန်းကလေးက ညစာခေါ်ကျွေးတာမလို့ရှက်နေတာလား”

COCO ပြန်မဖြေပေ။

မိန်းကလေးသည် နောက်စာတစ်စောင်ပို့လိုက်၏။

“ အင်းပါ၊ ဒါဆို နင်တို့ ငါတို့ကိုကျွေးပါလား၊ Weiboပေါ်မှာ နင်တို့ကို အားပေးခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ပေါ့ ၊ ဘယ်လိုလဲ"

ငါတို့တွေက နည်းနည်းလေး အားပေးခံတာလောက်နဲ့ သူတို့ကို ညစာဝယ်ကျွေးရမယ်တဲ့လား။

COCOသည် စိတ်ပျက်သွားတော့သည်။ ထို့အပြင် ခေါင်းဆောင်က သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ်ရာ ပြီးခဲ့သည့်တစ်ခေါက် ပြဿနာက ပြန်ပြေလည်ရန် ခက်ခဲနေတော့သည်။

“ နင်ကပဲ ကာလီက ညီမလေးတွေကို ကျေးဇူးတင်စကားပြောလိုက်ပါ၊ ဒါပေမဲ့ ငါတို့တွေ တကယ်ပဲ ထပ်ပြီး ညစာအတူတူစားလို့ မရတော့ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် တိုကျိုမှာ ဖြစ်တဲ့ပြဿနာကိုတော့.... အချိန်ပေးလိုက်ကြရအောင်ပါ၊ နောက်မှ အတူတူဆုံကြတာပေါ့”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now