အပိုင်း (၃၂၂) ဒီမှာလာအိပ်

491 38 0
                                    

အပိုင်း (၃၂၂) ဒီမှာလာအိပ်

ကြီးမြတ်လှသည့်သခင်လေးသာ ထိုလူဆိုလျှင် အရေးမကြီးတော့ချေ။

အကြောင်းမှာ ထိုလူ၏မျက်လုံးထဲတွင် သူမသည် အမြဲတစေ မိန်းမတစ်ယောက်ဖြစ်နေပေလိမ့်မည်။

သို့ရာတွင် ယခုမူ သူမသည် ကောင်လေးတစ်ယောက်ဖြစ်နေသည်။

သူမသည် ထိုအကြောင်းကိုတွေးလိုက်ရင်း အိပ်ရာပေါ်သို့ လဲချလိုက်သည်။

သူမ၏ သုံးသပ်ချက်များအရာဆိုရင် ဖူကျို့နာမည်သည် သူမကို ကြီးမားသည့်အကာအကွယ်တစ်ခု ပေးခဲ့သည်။

ထို့ကြောင့် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို ကြီးမြတ်လှသည့်သခင်လေးကို အသိပေး၍ မဖြစ်ပေ။

ကြီးမြတ်လှသည့်သခင်လေးသာ အမှန်တကယ် ထိုလူဖြစ်ခဲ့လျှင် သူ့လုပ်ကိုင်ပုံများကို စဥ်းစားကြည့်ခြင်းအားဖြင့် သူသည် သူမကို အရင်ဆုံး စုံစမ်းခဲ့ပြီးသားဖြစ်ရမည်။

ဤသို့စဥ်းစားလိုက်လျှင် သူသည် သူမကို ဂိမ်းထဲမှာတွေ့ခဲ့ချိန်က သူမသည် ကျွမ်းကျင်ဟက်ကာ တစ်ယောက်ဖြစ်သည်ကို သိပြီးနောက် ကြီးမြတ်လှသည့်သခင်လေးသည် သူမကိုဖမ်းရန် သူမနောက်သို့ လိုက်နေသည်က အဓိပ္ပာယ်ရှိသည်။

ဒီအတိုင်း ငါလေးက ဂိမ်းကစားတတ်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့်များလား။

ဖူကျို့၏စိတ်ထဲတွင် မေးခွန်းတစ်ခုသည် စွဲကျန်နေတော့သည်။

ဂိမ်းကြောင့်မဟုတ်ဘူးဆိုရင် ကြီးမြတ်လှတဲ့သခင်လေးက သူမကSpade Zဖြစ်နေလို့များ သံသယပွားနေတာလား။

ဒါဆိုရင် သူ ငါလေးနဲ့ စကားပြောတိုင်း ငါလေးကို အမြဲပစ်မှတ်ထားနေတဲ့အကြောင်းအရင်းကို ရှင်းရလိမ့်မယ်။

ပြီးတော့ သူ ငါလေးကို အမြဲလိုလို ချီးကျူးခဲ့တာလေ။

ငါလေးရဲ့နောက်ခံကို စစ်ဆေးပြီးတော့ ဖူကျို့ဆိုတာ ၅လမ်းမကို မရောက်ဖူးတဲ့ Spade Z ဖြစ်လာမဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဆိုတာကို တွေ့သွားလို့ဖြစ်ရမယ်။

ဒီတော့လည်း အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ရတာက ကောင်းလိုက်တဲ့ အထောက်အထားတစ်ခုပဲဟ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now