အပိုင်း (၃၃၂) အစားစားချိန်မှာလဲ အချိုတွေကျွေးမယ်
“ချောမောနေချက်ပဲ”
ဖူကျို့သည် ထိုဓာတ်ပုံကိုကြည့်လိုက်ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်တွင် မိစ္ဆာဆန်ဆန်အပြုံးတစ်ခုကို ဆောင်ထားရင်း လေချွန်လိုက်လေသည်။
သူမသည် ဓာတ်ပုံထဲတွင် အင်မတန်ချောမောနေသည့် သူမကိုယ်သူမ ကြွားဝါလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ကြီးမြတ်လှသည့်သခင်လေးသည် သူမ၏ဖုန်းကို ယူသွားပြန်ကာ လေသံတိုးတိုးနှင့် ပြောလိုက်လေသည်။
“ ဆေးသွားသောက်ချည်”
“ ငါ့ဖုန်းလေး.....”
“ ငါ ဒါကို သိမ်းလိုက်ပြီ”
ချင်မော့သည် ထရပ်လိုက်ပြီး သူအိပ်ရာဖက်သို့း လျှောက်သွားလိုက်၏။ သူသည် ဝတ်ရန် အဝတ်အစားအချို့ကို ရှာဖွေရအုံးမည်။
သူမ၏ဖုန်းကို သိမ်းယူခြင်းခံလိုက်ရသည့်နောက် ဖူကျို့သည် အရသာရှိသည့်အစားအစာများနှင့်သာ စိတ်ဖြေရန်ရှိတော့သည်။
ထို့နောက် သူမသည် ထရပ်လိုက်ပြီး သူမ၏ပိုက်ဆံအိတ်ကိုယူကာ မေးလိုက်လေသည်။
“ အစ်ကိုမော့ နင်လေးဘာစားချင်လဲ၊ ငါလေး စားစရာသွားယူမလို့”
ပုံမှန်အားဖြင့် ဟိုတယ်များသည် မနက်စာအတွက် ကိုယ်တိုင်ဝန်ဆောင်မှုကို အခမဲ့ပေးလေ့ရှိသည်။ ထို့အပြင် မနက်စာသည် ဤကဲ့သို့ အထက်တန်းဟိုတယ်မျိုးတွင် ပို၍ကောင်းစွာ ဝန်ဆောင်မှု ပေးလေ့ရှိသည်။
သို့သော်ငြား သည်ဟိုတယ်သည် သူတို့၏ဧည့်သည်များက အခန်းတွင်းသို့ အစားအသောက် ပြန်သယ်လျှင် ကျသင့်ငွေပေးရမည်ဟု သတ်မှတ်ထားလေသည်။
ချင်မော့သည် သူ့ရှပ်အင်္ကျီ၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီး စီးပွားရေးဆန်ဆန်လေသံတစ်ခုနှင့် ချက်ချင်းပြန်ပြောလိုက်လေသည်။
“ ငါ မျက်နှာသစ်လိုက်အုံးမယ် စောင့်အုံး ပြီးရင် ငါ မင်းနဲ့လိုက်ခဲ့မယ်”
“အိုခေ”
ဖူကျို့သည် ခံ့ခံ့ညားညား ပြုံးပြလိုက်၏။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်