အပိုင်း(၂၉၂) ဖူကျို့ 1 Vs 1
ဟိုရှီနို၏ဘေးတွင်ထိုင်သော ကစားသမားသာ သူထွက်သွားသည်ကို သိလိုက်၏။
ဖူကျို့ပင်လျှင် သူမ၏မိတ်ဆွေဟောင်းနှင့် လွဲသွားမှန်း မသိလိုက်ပေ။
ထိုကစားသမားသည် ဟိုရှီနို၏ ကျောပြင်ကို ကြည့်နေသည်။ သူသည် ဟိုရှီနိုကို လူချင်းတွေ့လိုက်ရသည့်အတွက် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး အားလုံးကို ပြောပြချင်စိတ်တဖွားဖွား ပေါက်နေတော့သည်။
ဂျပန်တွင် ဂိမ်းပြိုင်ပွဲများသည် တရုတ်မှာထက် ပိုလေးစားခြင်းခံရသည်။
သူတို့၏စိတ်ထဲတွင် ပရိုဆန်ဆန်ဂိမ်းကစားခြင်းသည် ပုံမှန်အလုပ်တစ်ခု ဖြစ်လေသည်။
လူအမျိုးမျိုးရှိသဖြင့် အတွေးအခေါ်အမျိုးမျိုး ရှိခြင်းသာ ဖြစ်ပေသည်။
သူတို့ကိုယ်သူတို့ ခြောက်ပစ်ကင်းသဲလဲစင်ဟု ယုံကြည်ကြသူလည်း အများအပြားရှိရာ သူတို့သည် အမှန်တရားကို မသိမှီကပင် စတင် လှောင်ပြောင်တတ်ကြလေသည်။
ယခု ရှူဂျိ လိုပင်....
သူသည် ဖူကျို့နှင့် ချင်မော့ ပြောလိုက်သည့်စကားကို ကြားပြီးနောက် သူ့ပုံစံမှာ ပိုမဲမှောင်သွားပြီး လက်သီးများကို တင်းတင်းဆုပ်လိုက်တော့သည်။
“ ငါ့ကို ပညာပေးချင်တာတဲ့လား”
ရှူဂျိသည် အေးစက်စက် အော်ရယ်လိုက်ပြီး ဖူကျို့ကို ကြည့်ကာ ပြောလိုက်၏။
“ တစ်ယောက်ချင်း ချမယ်၊ သတ္တိရှိလား”
ဟိုရှိနိုသာ ဖူကျို့ကို ဤသို့တွေ့ခဲ့မည်ဆိုလျှင် သူသည် သည်အတိုင်း ထွက်သွားလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ ဪ ကဲ သူက ဘာမှမတွေ့လိုက်ရခင်မှာပဲ သူ့ပြည်နယ်ကို တန်းပြန်သွားသတဲ့။
ဒါကိုပဲ လူတွေက ကံကြမ္မာ လို့ ခေါ်တာမလား။
သို့ရာတွင် လက်ရှိအခြေအနေတွက် ရှူဂျိသည် သူ့ရှေ့မှ လူငယ်လေးကို အသေညစ်သတ်ချင်စိတ်ပေါက်နေသော်လည်း တစ်ဖန်ပြန်စဥ်းစားလိုက်ပြီးနောက် သူ့စိတ်ကို ပြောင်းလိုက်သည်။ ကောက်ကျစ်ရက်စက်မှုက သူ့မျက်လုံးများတွင် ရှိနေဆဲဖြစ်ပြီး သူက ပြောလိုက်၏။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်