အပိုင်း (၂၈၆) ကာလီမိန်းကလေးကို ဖြည်းဖြည်းလေးသတ်မယ်

576 62 0
                                    

အပိုင်း (၂၈၆) ကာလီမိန်းကလေးကို ဖြည်းဖြည်းလေးသတ်မယ်

ကွေးကွေးသည် လက်ရှိတွင် မည်သည်ကိုမျှ မကိုင်တွယ်နိုင်ဖြစ်နေတော့သည်။ သူမ၏ ခံယူထားသည့်တာဝန်မှာ မသေရန်အရေးဖြစ်သဖြင့် ချက်ချင်းအမြန်ဆုံး သွေးပြန်ဖြည့်လိုက်လေသည်။

သို့ရာတွင် သူမသွေးတန်း ပြန်ပြည့်သွားသည်နှင့်ချက်ချင်း ဖူကျို့က ကီးဘုတ်ကို ရိုက်ပြီး လှလှပပ လှုပ်ရှားမှုတစ်ခု လုပ်လိုက်ပြီး သူမ၏မောက်စ်ကို အသာရွှေ့လိုက်ပြီးနောက်တွင် အပြင်းထန်ဆုံး ရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

တစ်မိနစ်အတွင်း ကွေးကွး၏သွေးမှာ နောက်တစ်ဝက်ကို တဖန်ကျသွားပြန်သည်။

လင်ရှောင်ထုန်သည် ဘေးမှကြည့်နေပြီး စားပွဲကို တဘုန်းဘုန်း ထုနေတော့သည်။

“ဘယ်ဖက်၊ သူ့ရဲ့အားနည်းချက်က ဘယ်ဖက်မှာ”

ကစားသမား မမြင်သည့်အရာကို ပရိသတ်က မြင်နိုင်သည်။

အပြင်ဘက် အချက်အလက်ကို သုံးကာ ကွေးကွေးသည် သူမ၏ဓားကို မြောက်ကာ Spade Zဆီသို့ လွှဲချလိုက်တော့သည်။

သို့သော် နောက်ဆုံးစက္ကန့်အထိ ထိုလူမှာ သူမ၏ရှေ့တွင် ရှိနေဆဲပင်....

နောက်တစ်စက္ကန့်တွင် ရှေးခေတ်ကွန်ဖူးပညာရှင်တစ်ယောက်ကဲ့သို့ ဓားကို ဝှစ်ခနဲရမ်းလိုက်ပြီး ရုတ်တရက် သူမ၏ကျောဘက်ကို ရောက်သွားလေသည်။

ဖူကျို့သည် အသာရယ်လိုက်ပြီး သူမ၏ဓားကို ရမ်းချလိုက်လေသည်။

ကွေးကွေးသည် ယခုမူ သွေး ဆယ်ပုံ တစ်ပုံသာကျန်တော့သည်။

သည်တစ်ကြိမ်တွင်လည်း အရင်တစ်ခါလိုပင် ဖူကျို့ ရပ်လိုက်ပြန်သည်။ သူမ၏အနက်ရောင်ဝတ်စုံသည် ရေခဲတမျှ အေးစက်နေပြီး ကျောက်စိမ်းရုပ်တုကဲ့သို့ မားမားမတ်မတ် ရပ်နေလေသည်။

ကွေးကွေးသည် သူမကိုယ်သူ သွေးဆက်ဖြည့်လိုက်သည်။

ထို့နောက်တွင် သမိုင်းသည် တတိယအကြိမ် လည်သွားပြန်သည်။

သူမသာမက ကြည့်နေသည့်သူအားလုံးက ဖြစ်ပျက်နေတာကို သိလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now