အပိုင်း (၃၄၅) ချင်မော့က ဦးဆောင်ပြီး သတ်မယ်
“ရှူဂျိကို ကြည့်ရတာ အရင်နေ့တွေကထက် ပို ဒေါသထွက်နေသလိုပဲနော်”
“ အဟက် ဒါ ပိုကောင်းတာပေါ့၊ ရှူဂျိ ဒေါသထွက်ရင် လူလေးယောက်တောင် သူ့ကို တားလို့ရမှာ မဟုတ်ဘူး”
“ ရှူဂျိက ဆက်တိုက်သတ်ဖို့ စဥ်းစားနေတာလား၊ မစောင့်နိုင်တော့ဘူး”
ဖန်များ၏ဝါသနာကို တားမရသော်လည်း နားကွဲမတတ်အားပေးသည်ကိုပင် မန်နေဂျာဖုန်း၏ အပြုံးသည် တစ်စက်ကလေးမှ ပြောင်းလဲမသွားချေ။ သူသည် တစ်ဖက်အသင်း၏ မန်နေဂျာနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး
“ ကျွန်တော်တို့ စကြတော့မလား”
ဆာကူရာအသင်းမန်နေဂျာသည် သူတို့၏အောင်မြင်မှုအကြောင်း အနည်းငယ်ကြွားလုံးထုတ်ကာ စကားနည်းနည်း ပြောမည် ပြင်ထား၏။
သို့သော် ဖုန်းရီ၏စကားလုံးများကြောင့် ပွင့်လင်းသည့်သဘောထားကို ပြရန် သူ့ပြောမည့်စကားကို ပြန်မျိုချထားလိုက်တော့သည်။
“ ကောင်းပြီ”
ဒါသည် တရားဝင်ပြိုင်ပွဲမဟုတ်ချေ။ ထို့ကြောင့် တစ်ယောက်ချင်းပြိုင်ပွဲ ၊ နှစ်ယောက်တွဲ ပြိုင်ပွဲ မရှိဘဲ ငါးယောက်တွဲ မြို့သိမ်းပြိုင်ပွဲသာ ရှိသည်။
ဒါသည် ချစ်ကြည်ရေးပွဲဆိုသော်ငြား နိုင်ငံတကာ ဂိမ်းစည်းမျဥ်းအတိုင်း လိုက်နာရပေမည်။
အပျော်တမ်းကစားကြသည့် သူရဲကောင်းဂိမ်းများတွင် ကစားသမားတစ်ယောက်စီသည် အကြိမ်ကြိမ် သေလို့ရပြိး မြို့ထဲတွင် ပြန်ရှင်လို့ရသည်။
သို့သော် နိုင်ငံအဆင့်ဂိမ်းများတွင် ကစားသမားတစ်ယောက်သည် သုံးကြိမ်သာ သေခွင့်ရှိသည်။
တတိယအခွင့်အရေး သုံးပြီးသွားလျှင်တော့ သူသည် ကွန်ပျူတာရှေ့မှ ထွက်သွားရပေမည်။
မြို့သိမ်းပြိုင်ပွဲတွင် အဓိကအချက်မှာ ရဲတိုက်ကို သိမ်းယူရမည်ဖြစ်သည်။
တစ်ဖက်အသင်း၏ ရဲတိုက်ကို ဖြိုချနိုင်လျှင် အနိုင်ရမည် ဖြစ်သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်