အပိုင်း (၂၁၄) ဒီကောင်လေးက ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်

722 83 1
                                    

အပိုင်း (၂၁၄) ဒီကောင်လေးက ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်

“ဘန်း” ဟူသည့် အသံနှင့်အတူ မီးမောင်း လင်းလာတော့သည်။

ကွင်းအတွင်းရှိ ပရိသတ်များအားလုံး မတ်တတ်ရပ်လိုက်ကြပြီး သူတို့အားလုံး အဓိကစင်မြင့်ဘက်ကို စိတ်ဝင်တစား ကြည့်လိုက် ကြသည်။

အသင်း ၁၂ သင်းလုံး ဝင်လာသည်။

တစ်သင်းစီတွင် လေးယောက်ရှိသည်။

စုစုပေါင်း လေးဆယ့်ရှစ်ယောက်ရှိပြီး ယောက်ျားလေး မိန်းကလေး အညီအမျှပါဝင်သည်။

မိန်းကလေးများမှာ ငယ်လေ့ရှိကြပြီး အများစုမှာ ၁၉၉၂ နောက်ပိုင်းမွေးသူများဖြစ်ကြသည်။

ထိုပုံမှန်အခြေအနေအောက်တွင် ဂိမ်းဇာတ်ကောင်သည် ပိုရက်စက်ကြမ်းတမ်းလေလေ ကစားသူများမှာ လက်တွေ့ဘဝတွင် ပိုချိုသာပြီး ပိုချစ်စရာကောင်းကြသည်။ ဒါသည် စီမံအဖွဲ့များ လေးစားရလောက်သည့် လက်တွေ့နှင့်ကွာဟချက်ကြီး ဖြစ်လေသည်။

အမှန်တွင်  မိန်းကလေးများဝင်လာသည်နှင့် လူများသည် သူတို့ကိုအရင်ဆုံးအာရုံစိုက်လေ့ရှိကြသည်။

သို့သော် ယနေ့မှာတော့ သူတို့အားလုံး၏မျက်လုံးများသည် မထိန်းနိုင်လောက်အောင် ငွေရောင်ဆံပင်တိုနှင့် ကောင်လေးဆီသို့ ကျရောက်နေကြသည်။

ပရိသတ်များထဲတွင် မိန်းကလေးများလဲရှိရာ သူတို့အားလုံးသည် အကြည့်တစ်ချက်မှာ “သူ့ကို” ကြွေသွားတော့သည်။

“အဲသူကဘယ်သူတုံးဟဲ့ အရမ်းချောတာပဲ”

“မသိဘူးလေ သူ့ကို အရင်ကတခါမှမမြငဖူးပါဘူး၊ ဒီလောက်ချောတဲ့သူတစ်ယောက်က လိုက်ဖ်လွှင့်တဲ့ထဲမှာ မပါဘူးတဲ့လား၊ မဟုတ်သေးပါဘူးဟယ်”

“ သူတို့အသင်းကရော၊ သူတို့ဝတ်စုံကို မှတ်မိလား”

“ ငါ တစ်ခါမှမမြင်ဖူးဘူး”

မိန်းကလေးပရိသတ်များတင် စိတ်ဝင်စားတာမဟုတ်ပါ။ ဒါရိုက်တာကြီးတောင်မှ ဖူကျို့ကို အနီးကပ် မကြည့်ဘဲ မနေနိုင်အောင်ဖြစ်နေတော့တယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now