အပိုင်း (၂၅၆) ကြီးမြတ်တဲ့သခင်လေးချင်က ပိုစ့်တစ်ခု တင်လိုက်တယ်

789 93 4
                                    

အပိုင်း (၂၅၆) ကြီးမြတ်တဲ့သခင်လေးချင်က ပိုစ့်တစ်ခု တင်လိုက်တယ်

သူ့တရားဝင်ဝေ့ပေါ်အကောင့်ကို ဝင်လိုက်သောအခါ သီခြားစာတို၊ ပြန်လွဲစာများနှင့် အီးမေလ်းများမှာ အစောင် တစ်သောင်းမက ရှိနေလေသည်။

ထိုအရာအားလုံးကို လျစ်လျူရှုလိုက်ပြီး ချင်မော့သည် ထိုပိုစ့်ကို ဖွင့်လိုက်ရာ သူနှင့် ဖူကျို့ အတူတူ ခေါက်ဆွဲစားနေသောပုံကို တွေ့လိုက်ရသည်။ ထို့နောက်သည် စာကို ပြန်ပြင်ရိုက်လိုက်ပြီး နောက်ဆုံးသတင်း လွှင့်လိုက်လေသည်။

“ခေါက်ဆွဲက စားကောင်းပေမဲ့ ခေါက်ဆွဲကျွေးတဲ့သူက ဆွဲဆောင်မှုပိုရှိနေတယ်”

ထိုစာကို ပို့နေစဥ် ချင်မော့သည် ဖုန်းရီလျှောက်ပေးခဲ့သော ဖူကျို့၏တရားဝင် ဝေ့ပေါ်အကောင်းကို @Spade Zကို သတိတရ မန်းရှင်းလိုက်လေသည်။

စကားလုံးအနည်းငယ် သုံးလိုက်ရုံဖြင့် ချင်မော့သည် သည်ပြဿနာအပေါ် သူ့ထင်မြင်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်လေသည်။ ထို့အပြင် ဒါက သူသည် ဖူကျို့နှင့် အတွဲဖြစ်ရခြင်းကို မငြင်းဆိုကြောင်း အလွန်အကျူး ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။ သူသည် အမှန်တကယ် လိုလားကြောင်း ပြသလိုက်လေသည်။

ဘာမျှ မထူးခြားဟန် လေသံဖြင့် သူ့စကားလုံးများသည် လွန်စွာသော အေးစက်စက် ခံစားမှုတို့ကို ပို့ဆောင်နေသည်။

သို့ရာတွင် Supreme အသင်းသားများအားလုံးကို ပွက်လောရိုက်သွားစေသော စာတစ်စောင် ဖြစ်နေတော့သည်။

“ သောက်ကျိုးနည်း၊ ခေါင်းဆောင်ကြီးကတဲ့၊ မနေ့က Spade လေးကို သီးသန့်ခေါ်ထုတ်သွားတာ မဆန်းတော့ပါဘူး၊ ခေါင်းဆောင်က သူ့ကို ခေါက်ဆွဲစားဖို့ ခေါ်သွားတာ ဖြစ်နေတာကိုး”

လင်ဖုန်းသည် သူ့အသင်းခေါင်းဆောင်သည် မနေ့ညက နှစ်ယောက်ထဲ သီးသန့်နေချင်သဖြင့် အရင်ဆုံး ခေါ်ထုတ်သောသူ ဖြစ်ကြောင်း သက်သေပြချင်သော သူ့အကျင့်အတိုင်းအပင် သူသည် ပိုစ့်ကို ပြန်ရှဲပေးသော ပထမဆုံးလူဖြစ်လေသည်။ Spade Zက သူ့ဟာသူ ပွဲထုတ်ရန် ကြိုးစားနေသည် ဟူသော သတင်းများနှင့် လုံးဝမတူချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now