အပိုင်း (၃၁၅) သခင်ကျို့က အထာပြန်ပေးတယ်

641 54 0
                                    

အပိုင်း (၃၁၅) သခင်ကျို့က အထာပြန်ပေးတယ်

တခြားလူရဲ့လက်ချောင်းဖျားတွေက သူမနှုတ်ခမ်းကို လာထိနေတဲ့ခံစားချက်....

ဖူကျို့သည် ထိုခံစားချက်ကို တစ်ခါမှ မခံစားခဲ့ဖူးချေ။ ဒါသည် သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သူမသည် ရုတ်တရက်လန့်ဖျပ်သွားတော့သည်။

ချင်မော့၏မျက်လုံးနက်များသည် အင်မတန်နက်မှောင်နေသည်အထိ နစ်မြုပ်သွားလေသည်။

ဖူကျို့၏နှုတ်ခမ်းများသည် မတရားဆွဲဆောင်နေသယောင်ယောင်။

သူ့လက်ချောင်းဖျားများပေါ်က နူးညံ့မှုသည် သူ့အတွက် ခံစားမှုအသစ်တစ်ခုဖြစ်နေလေတော့သည်။

သူသည် သူ့လက်ချောင်းဖျားများကို ထိုနှုတ်ခမ်းများပေါ်တွင် မပွတ်သပ်ဘဲ မနေနိုင်အောင်ဖြစ်နေပြီး ပြင်းပြသည့် အနမ်းတစ်ခုမစမီ မျှော်လင့်စောင့်စားမှုကို နှိုးဆွနေသယောင် ခံစားလိုက်ရသည်။

သူတို့ဘေးမှလူများအားလုံးသည် မှင်တက်အံ့ဩသွားကြလေသည်။

ထိုအခိုက်တွင် ကျယ်လောင်သောဂီတသံပင် သဲသဲကွဲကွဲမကြားရတော့ချေ။

ထိုမိန်းမလှလေးများသည် ထိုမြင်ကွင်းသည် ပြင်းပြသည့်ပြင်သစ်အနမ်းတစ်ခုနှင့် အဆုံးသတ်သွားမည်ဟု မျှော်လင့်နေကြသည်။

သူတို့သည် အသက်အောင့်ထားရန်ပင် အသင့်ဖြစ်နေကြတော့သည်။

သို့သော် အံ့အားသင့်စွာ နောက်တစ်စက္ကန့်အရောက်တွင် လူငယ်လေးသည် အသံထွက်အောင် အော်ရယ်လိုက်တော့သည်။

သူ့ခန္ဓာကိုယ်ကို ရှေ့သို့ညွှတ်ထားပြီး သူ့မျက်နှာသည် ချင်မော့နှင့် လွန်စွာနီးကပ်နေလေသည်။

“အစ်ကိုမော့ ငါလေးက နင့်ကို မြှောက်ပေးတဲ့သူဆိုတော့ ငါလေးကပဲ နင်လေးကို စနမ်းတဲ့သူ ဖြစ်သင့်တာပေါ့”

ထိုနောက် ဖူကျို့သည် ခံ့ခံ့ညားညားမတ်တတ်ထရပ်လိုက်ပြီး လက်တစ်ဖက်ကို ဆိုဖာပေါ်ထောက်လိုက်ပြီး လှပသည့်ကိုယ်ဟန်တစ်ခုဖြင့် ကိုယ်ကို ညွှတ်လိုက်လေသည်။ သူမ၏နှုတ်ခမ်းပါးလေးများသည် ချင်မော့၏မေးစေ့နှင့် တစ်လက်မ အလိုသို့ရောက်သွားပြီးနောက် သူမသည် သူ့ကို ညင်သာစွာ နမ်းလိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now