အပိုင်း (၃၅၈) ဖူကျို့ရဲ့အသားအရေက မိန်းကလေးတွေထက် ကောင်းတယ်

451 49 1
                                    

အပိုင်း (၃၅၈) ဖူကျို့ရဲ့အသားအရေက မိန်းကလေးတွေထက် ကောင်းတယ်

ထိုနေရာရှိ ယောက်ျားနှစ်ယောက်သည် သူတို့ကိုယ်တိုင်ပင် အတွေးများမနေကြပေ။

ဒါသည် အကျင့်နှင့်သာ ဆိုင်လေသည်။

လူမှန်တစ်ယောက်နှင့်သာဆိုလျှင် မည်သည့်အကြောင်းအရာဖြစ်နေပါစေ စကားပြောရသည်မှာ အေးဆေးသက်လှ၏။ ထို့ကြောင့် သူတို့သည် ဒါကို ချစ်ခြင်းကိုပြနေသည်ဟု မတွေးကြပေ။

ဖူကျို့သည် မျက်လုံးတစ်ဖက်မှိတ်လျက် မျက်စိစပ်ခြင်းကို ရှောင်ဖယ်ချင်နေ၏။

သို့သော် ချင်မော့သည် ပုံမှန်အတိုင်း ကောင်လေး၏မျက်နှာကို ဆွဲလှည့်ကာ ပြောလိုက်လေသည်။

“ ရှောင်မနေနဲ့တော့”

ဖူကျို့သည် သူမ၏မျက်လုံးများက အကောင်းဆုံးအချိန်ကျမှ ယောင်လာရလားဟု ကျိန်ဆဲနေမိတော့၏။

တကယ်တော့ မှန်ပေသည်။ သူမ၏ဘယ်ဘက်မျက်လုံးအတွင်းရှိ သွေးနီများသည် ပျောက်သွားပြီး မျက်လုံးထောင့်တွင်သာ အနည်းငယ်ယားနေသည်ကို ခံစားရ၏။ မျက်စဥ်းဆေးကို မထည့်ခဲ့လျှင် သူမသည် ယောင်ယမ်းသည့်ခံစားချက်ကို ခံစားရမည်မဟုတ်ချေ။

ဖူကျို့သည် ဆေးထည့်ပြီးသည့်နောက် လိမ္မာနေဟန် ပေါက်နေ၏။

အမှန်တွင်လည်း သူမတွင် မှင်တက်ဖွယ်ရုပ်ရည်နှင့် ဆံပင်အရောင်ရှိလေသည်။

လင်ဖုန်းသည် နောက်လှည့်ကြည့်လိုက်ပြီး သူ့မေးစေ့ကို ကိုင်ကာ ပြောလိုက်၏။

“ Spadeလေးရဲ့အသားအရေက အရမ်းကောင်းတယ် တွေ့လား၊ ငါတို့တွေနဲ့ တော်တော်ကို ကွာတာနော်၊ အနီးကပ်ကြည့်ရင် သူ့အသားအရေက အရမ်းချောမွတ်နေတာ တွေ့ရလိမ့်မယ်”

ထိုသို့ပြောရင်း လင်ဖုန်းသည် ဖူကျို့၏မျက်နှာကို လှမ်းပုတ်ရန် ပြင်လိုက်၏။

သို့သော် သူ့လက်ချောင်းဖျားများသည် ကောင်လေး ဆီသို့မရောက်မီ အေးခဲသည့်အကြည့်တစ်ခုကြောင့် အေးခဲသွားတော့သည်။

ထိုအကြည့်မှာ အလွန်ဖိနှိပ်လွန်းလှ၏။

လင်ဖုန်းသည် ကျောက်ရုပ်ဖြစ်သွားတော့သည်။ သူသည် အသင်းခေါင်းဆောင်ကို ဒေါသထွက်အောင် မလုပ်မိပါဘဲ အဘယ်ကြောင့် သူ့ကို ဤသို့ကြည့်နေပါသနည်း။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now