အပိုင်း (၂၄၂) ဆာဗာတစ်ခုလုံး တုန်လှုပ်သွားခြင်း

757 86 0
                                    

အပိုင်း (၂၄၂) ဆာဗာတစ်ခုလုံး တုန်လှုပ်သွားခြင်း

အရင်ကဆိုလျှင် ရွှယ်ယောင်ယောင်သည် သူမ၏ကွန်ပျူတာရှေ့တွင် နိုင်ငံအဆင့်အသင်းကို ကြည့်နေသော ပရိသတ်တစ်ယောက်သာ ဖြစ်ခဲ့လေသည်။ တစ်နေ့တွင် သူမသည် ထိုအသင်း၏ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ ဖူးချေ။

ယခုမူ သူမ၏အသင်းသားများသည် စခရင်ရှေ့တွင် တန်းစီထိုင်နေသည်ကို ချောင်းကြည့်လိုက်မိတိုင်း သူမ၏ သွေးကြောများသည် ဆူပွက်နေတော့သည်။

မရေမတွက်နိုင်သော လူများသည် သူတို့ကို ကြည့်နေကြလေသည်။

ချင်မော့သည် သူ့ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ၏ရှည်သွယ်သော လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်လေသည်။ စာကြောင်းတစ်ကြောင်းသည် ကျန်လောကကြီးတစ်ခုလုံးတွင် ထွက်ပေါ်လာတော့၏။

“ Supremeအသင်း အသစ်မွေးဖွားခြင်းကို ဂုဏ်ပြုလိုက်ပါတယ်”

သည်စာကြောင်းသည် သူ့ပိုင်ရှင်ကဲ့သို့ပင်။

မားမားမတ်မတ် စိုးမိုးထားပြီး ဆာဗာတစ်ခုလုံးကို လှုပ်ခတ်သွားတော့သည်။

ကျန်ကစားသမားများသည် နောက်မှ ချက်ချင်း လိုက်လာကြလေသည်။

ဇုံ စီ တစ်ခုလုံးသည် ငါးမိနစ်အတွင်း <Supreme>အသင်း၏ သိမ်းကျုံးခြင်းကို ခံလိုက်ရတော့သည်။

ဂိမ်းထဲတွင်သာ လူများ ဆူညံသံကို ကြားနိုင်လျှင် မိန်းကလေးဖန်နှင့် ယောက်ျားလေးဖန်များက သူတို့နာမည်များကို အရူးအမူး အော်နေသံကို ကြားရပေလိမ့်မည်။

“ ကြီးမြတ်လှတဲ့သခင်ကြီးကွ”

“နတ်ဘုရားတွေ အများကြီးပဲ”

“ငါ အိပ်မက်များ မက်နေတာလား၊ ကျေးဇူးပြုပြီး ငါ့ကို လာမနိုးကြပါနဲ့”

ငါ သူတို့နဲ့ ဓာတ်ပုံလေးရိုက်ထားရမယ်”

“ ငါတော့ ဓာတ်ပုံတွေ မလိုဘူး၊ ငါရဲ့ ကြီးမြတ်တဲ့Spadeကြီးအတွက် ငါ့စခရင်လေးကိုပဲ ပွတ်သပ် နေချင်တာ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now