အပိုင်း ( ၃၅၁) ဓားပေါင်းသုံးထောင်အကွက်နဲ့ ရှူးဂျိကို သတ်လိုက်တယ်

344 46 0
                                    

အပိုင်း ( ၃၅၁) ဓားပေါင်းသုံးထောင်အကွက်နဲ့ ရှူးဂျိကို သတ်လိုက်တယ်

ဖူကျို့သည် သူမ၏ခေါင်းကို စောင်းထား၏။ ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ငုံထားပြီး စကား နှစ်လုံးသည် လွှတ်ခနဲ ညင်သာစွာ ထွက်သွားလေသည်။

K.O.

နောက်တစ်စက္ကန့်တွင်

ကွင်းထဲရှိသည် လူအားလုံးသည် ဟိန်းသံတစ်ခုကို ကြားလိုက်ရတော့သည်။

နောက်ပြန်တိုက်ကွက်တစ်ခုနှင့် ချင်မော့သည် မောက်စ့်ကို ညာဘက်လက်နှင့် ကိုင်ထားပြီး ဘယ်ဘက်လက်နှင့် ခလုတ်ကို ဖိထားလိုက်သည်။ ပြင်းထန်ပြီး ကောင်းမွန်သည့်လုပ်ငန်းစဥ်တစ်ခုဖြင့် သူသည် တောက်ပနေသည့်ဓားရှည်တစ်ချောင်းကို ရှူဂျိ၏ ဇာတ်ကောင် အလယ်တည့်တည့်သို့ ထိုးသွင်းလိုက်လေတော့သည်။

ထိုရိုက်ချက်သည် ခံ့ညားကာ အထိန်းအကွပ်မဲ့ပြီး အရှုံးမပေးသည့် အကွက်ဖြစ်လေသည်။

ယောကျ်ားအားလုံးသည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ဆွံ့အသွားကာ သူတို့၏မျက်လုံးများတွင် မကြုံစဖူး ရှော့ခ်ဖြစ်သွားသည့် အခြေအနေတစ်ခုတွင် ငြိမ်သက်နေတော့သည်။

သောက်ကျိုးနည်း အခုဘာဖြစ်သွားတာလဲ။

“ ဓားပေါင်းသုံးထောင်ရိုက်ချက်လား”

အဲဒါ ဘာလဲ။

လူများသည် ရှူဂျိက ဤနည်းဖြင့် သ-တ်ခံလိုက်ရသည်ကို ယုံရန် ခက်ခဲနေတော့သည်။

သို့သော် စခရင်ပေါ်တွင် K.O. သင်္ကေတ ကို သေသေချာချာပြထားလေသည်။

သူတို့သည် ငုံ့ကြည့်လိုက်ကြ၏။ ကွန်ပျူတာရှေ့တွင် လုပ်ရှားနေသည့် ချင်မော့ကို မြင်လိုက်ချိန်တွင် သူသည် အလွန်ချောမော့နေရာ စိတ်ကူးယဥ်ဇာတ်ကောင်တစ်ခု ဖြစ်နေသယောင် ထင်ရလေသည်။ သူ့နားကြပ်သည် သူ့မဲနက်နေသည့်ဆံပင်ပေါ်တွင် ရှိနေပြီး စရင်တစ်ခုလုံးသည် ငွေရောင်အလင်းတန်းများဖြင့် လွှမ်းနေလေသည်။

ဒါပေမဲ့ ဒါအကုန်ပဲလို့ ထင်နေတာလား။

မဟုတ်ဘူးနော်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Tahanan ng mga kuwento. Tumuklas ngayon