အပိုင်း (၂၉၀) ချင်မော့နဲ့ဖူကျို့က စကားရည်လုဖို့အသင်းဖွဲ့လိုက်တယ်

692 75 1
                                    

အပိုင်း (၂၉၀) ချင်မော့နဲ့ဖူကျို့က စကားရည်လုဖို့အသင်းဖွဲ့လိုက်တယ်

ထိုသဘောထားသည် ရန်နေခြင်းဖြစ်ကြောင်း သိသာလေသည်။

လင်ဖုန်းကဲ့သို့ ဂျပန်စကားနားမလည်သည့်သူပင် ထိုပုဂ္ဂိုလ်မှာ မိတ်လာဖွဲ့ပြီး ရေခဲမုန့်စားရန် လာခေါ်ခြင်း မဟုတ်ကြောင်း သိလေသည်။

ကာလီမိန်းကလေးများသည် ဆူညံစွာအော်ဟစ်လိုက်ကြ၏။

“ ရှု _ ရှုဂျိ”

“ရှူးဂျိတဲ့လား”

လင်ဖုန်း ခေတ္တတုံံ့ဆိုင်းသွားလေသည်။

“ဒီကောင်က အရည်အချင်းအရှိဆုံး စူပါကစားသမားဘုရင်သစ် ဖြစ်ပြီးတော့ ဆာကူရာအသင်းရဲ့ ခေါင်းဆောင်ဟောင်းနေရာမှာ အစားဝင်လာတဲ့သူလား”

လျိုလိ မျက်လုံးများတွင် စိုးရိမ်စိတ်ပြည့်နေတော့သည်။

“ဟုတ်တယ် ၊ သူပဲလေ၊ သူဘာလို့ ဒီကိုရောက်နေလဲ နားမလည်ဘူး၊ ဆာကူရာအသင်းက ဒီအချိန်ဆို လေ့ကျင့်ရေးမှာ ရှိသင့်တာလေ၊ ပြီးတော့ ဒီလူက ဆက်ဆံကခက်တယ်၊ ဆာကူရာအသင်းခေါင်းဆောင် ရာမကုချိတောင် ချစ်ကြည်ရေးပြိုင်ပွဲတွေ မကစားခဲ့ဘူး၊ ငါတို့တွေ တစ်ပွဲပဲနိုင်ပြီး ကျန်တဲ့ပွဲတွေမှာ ငါတို့အားလုံး ပြန်တောင်မထနိုင်ဘူး အဓိကက ရှူဂျိ ကြောင့်လေ ၊ Spade Zက အံ့စရာကောင်းလောက်အောင် လက်အမြန်နှုန်းရှိပေမဲ့ ဒီလူကိုနိုင်လောက်အောင်တော့ မလုံလောက်သေးဘူး”

ဖုန်းရှန်သည် ဘေးမှနေ၍ ကြားလိုက်ပြီး အလိုအလျောက် သူ့အိုင်ဒေါကို ကြည့်မိသွားသည်။

ဖူကျို့သည် သူမနှုတ်ခမ်းများကို တစ်ဝက်ပြုံးထားလိုက်စဥ် ချင်မော့သည် ခံ့ခံ့ညားညားနှင့် အေးစက်နေဆဲ။

ရှူဂျိသည် ထိုနှစ်ယောက်ထံမှ ဘာတုံ့ပြန်မှုမှ မမြင်ရသောအခါ ရက်စက်သည့်ဟန်ဖြင့် အော်ရယ်လိုက်လေသည်။

“ဘာလဲ၊ ကြောက်လို့ နောက်ဆုတ်သွားပြီလား”

ဖူကျို့သည် သူ့ကို ကြည့်ကာ သူမလက်ကို အိတ်ကပ်ထဲထည့်လိုက်ပြီး ဂရုမစိုက့်ဘဲ ပြောလိုက်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now