အပိုင်း (၂၃၃) ဖူကျို့က တခြားလူတွေရဲ့အမှားကိုဖုံးကွယ်ပေးလိုက်တယ်

825 85 0
                                    

အပိုင်း (၂၃၃) ဖူကျို့က တခြားလူတွေရဲ့အမှားကိုဖုံးကွယ်ပေးလိုက်တယ်

ချန်ရှောင်တုံးက ဘာမှမပြောခဲ့လျှင်တောင် ချင်မော့နှင့် ဖူကျို့တို့၏ အခြေအနေမှာ အလွန်ရင်းနှီးကြပြီးဖြစ်သည်။

ချင်မော့က အခြားသူများကို ဤကဲ့သို့ဆက်ဆံသည်ကို မြင်ရခဲလေသည်။

ကောင်လေးသည် သူ့ကို အပြုံးဖျော့ဖျော့လေးနှင့် ပြောလိုက်သည့်စကားကို သိရန်လဲ ခက်ခဲလေသည်။

ချင်မော့သည် သူ့လက်ကို ရှေ့ထုတ်လိုက်ပြီး သူသည် သူ၏ညီငယ်လေးကို ဂရုစိုက်နေသည့်အလား ကောင်လေး၏ အသင်းဝတ်စုံကို ဇစ်ဆွဲတင်ပေးလိုက်လေသည်။

ဖူကျို့သည် သူမ၏ခေါင်းကို နှိမ့်လိုက်ပြီး ကြီးမြတ်တဲ့သခင်လေးချင်ကို ကြည့်လိုက်သည်။ ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ်ကို ငုံထားကာ သူမ၏ရှင်းသန့်လှသော ဘေးဖက်ပုံရိပ်သည် အလွန် ချောမောနေသောကြောင့် လူများကို အော်ဟစ်ချင်စိတ် ဖြစ်အောင် နိုးဆွနေလေသည်။

ထူးချွန်သောလူနှစ်ယောက် အတူတူရပ်နေသည်ကိုမြင်ရသည်မှာ စိတ်ချမ်းသာဖွယ်ဖြစ်လေသည်။ သည့်အပြင် သူတို့လုပ်ရှားပုံချည်းသက်သက်ကိုက အလွန်ပင်.... ရင်းနှီးကျွမ်းဝင်လျက် ရှိနေလေသည်။

မိန်းကလေးဖန်အများစု၏ စိတ်ထဲတွင် အဖြေကရှိနှင့် ပြီးဖြစ်လေသည်။ ဒီနေ့မှစ၍ မိန်းကလေးဖန်များကြားတွင် ပြောစရာ အတွဲတစ်တွဲ ထပ်တိုးလာပြီဟု သူတို့ယုံကြည်နေကြလေသည်။

ဒါက တကယ့်ကို ထူးကဲတဲ့သုခ ပဲလေနော်။

သို့ရာတွင် ဂိမ်းကို အတည်ကစားကြသောသူများကတော့ ဒါဟာ နိုင်ငံအဆင့် ကစားသမား နှစ်ယောက်အကြား အပြန်အလှန်လေးစားမှုဟုသာ သိထားကြလေသည်။

တခြားသူများအတွက် ကောင်လေး၏အနာဂတ်ကို မှန်းဆရန်မဖြစ်နိုင်ပေ။

Supremeအသင်းသည် ကျန်းမြို့တွင် ဘုရင်တစ်ပါးဖြစ်သော်လည်း သူတို့သည် နိုင်ငံအဆင့် ချန်ပီယံနေရာကို သုံးနှစ်ဆက်တိုက် ရထားခြင်း မရှိသေးပေ။

ကြီးမြတ်တဲ့သခင်လေးချင်ကို ဂိမ်းပြိုင်ပွဲတွင် MVP( most value player) ဟုမှတ်လို့ရသော်လဲ သူသည်လဲ တစ်ယောက်ထဲ ဖြစ်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now