အပိုင်း(၂၇၆) ခံ့ခံ့ညားညားဖူကျို့
ရွှယ်ယောင်ယောင်သည် ထိုသို့မတွေးချေ။
သူမက ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ စိတ်အေးလက်အေးအခြေအနေကို မြင်ထားခဲ့ဖူးတော့ ဒီလိုပုံစံမျိုးက မဟုတ်သေးဘူးလေ။
ကြက်တောင်ရိုက်ကွင်းမှာတုန်းကလိုပေါ့။ သူက လူငယ်လေးရဲ့ မေ့စေ့ကို ပြုံးပြီးကိုင်ထားတာ သူ့မျက်လုံးတွေထဲမှာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်မျိုးဖြစ်နေတာလေ။
ဒါကို ချစ်ခြင်းလို့ ခေါ်လို့မရပေမဲ့ ကြီးမြတ်လှတဲ့သခင်လေးချင်က မင်းသားလေးကျို့နဲ့ အတူတူရှိနေရင် တစ်ခုခုထူးခြားနေတာတော့ သိသာလေတယ်။
ဒါပေမဲ့ သူမ ဒါကို ပါးစပ်ကနေ ပြောလိုက်တာတော့ မဟုတ်ဘူးပေါ့လေ။
တစ်ခုခုကို ထုတ်ပြောလိုက်တာနဲ့ ဒါက လူတွေကို မျက်နှာပူသွားစေလောက်တယ်မလား။
သူမသည် မိသားစုငယ်လေးမှ လာသော်လည်း ပုဂ္ဂိုလ်ရေးအရ သူမယုံကြည်ထားသောအရာက တစ်စုံတစ်ယောက်အပေါ် သက်ရောက်သွားလျှင် မကောင်းမှန်း သူမ သိသည်။
စိတ်ကူးယဥ်ခွင့်ရှိသော်လည်း တခြားသူများကိုတော့ ပြဿနာ မဖြစ်စေသင့်ပေ။
အတွင်းရေးမှူးလျန်သည် အဖြစ်အပျက်အမှန်ကို သေချာသိနေခဲ့သည်။ သူဌေးချင်သည် မည်သူနှင့်မျှ တွဲရသည်ကို မကြိုက်သည်ကို သိသောကြောင့် ချက်ချင်း စကားဝင်ပြောလိုက်၏။
“ကွန်ပျူတာတွေကို အရင်ဆုံးစမ်းကြည့်ကြပါအုံး မင်းတို့နဲ့ အဆင်ပြေရဲ့လား၊ အဆင်မပြေရင် ပြန်စီစဥ်ပေးမယ်နော်”
ဤကဲ့သို့သော သာမန်စကားလုံးများသည် ကာလီအသင်းသူများကို အလိုအလျောက် နှုတ်ဆိတ်သွားစေလေသည်။
“ လာဟေ့၊ ငါတို့တွေ ပွဲနည်းနည်းလောက် ကစားကြည့်ကြမလား”
လင်ဖုန်းသည် သူ့အင်္ကျီဇစ်ကို ဆွဲတင်လိုက်ပြီး ကစားရန် အသင့်ပြင်လိုက်၏။
တခြားလူများကလဲ သူတို့၏ ကျောပိုးအိတ်များကို အတွင်းရေးမှူးလျန်ဆီ ပေးလိုက်ပြီး လိုက်သွားကြသည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်