အပိုင်း ( ၃၈၄) နှစ်ယောက်ပူးပေါင်း တိုက်ကွက်

490 44 1
                                    

အပိုင်း ( ၃၈၄) နှစ်ယောက်ပူးပေါင်း တိုက်ကွက်

“ အဟက် ငါတို့ရဲ့ ငတုံးရန်သူတွေကတော့ နောက်တစ်ခါ သေဖို့ တောင်းဆိုနေပြီ”

လျိုကျုံးမင်းသည် အလွန်စိတ်လှုပ်ရှားနေရာ သူ့မျက်လုံးများပင် တောက်ပလာတော့သည်။ သူ့လက်မက ဖုန်းစခရင်ကို ဖိထားပြီး သူ့နှုတ်ခမ်းထောင့်တွင် သွေးဆာနေသည့်အသွင်က ရှင်းလင်းစွာပေါ်နေ၏။

ဖူရှီမင်သည် သူ့မေးကို အေးတိအေးစက်ပင့်ထားကာ ဘာကိုမျှဂရုမစိုက်ပေ။

“ defense towerအောက်က ဝက်ကို အရင်သတ်မယ်၊ နာကျင်နေတဲ့ပုံစံဖြစ်နေတာ အရမ်းသနားစရာပဲ”

“ ဟုတ်ပြီ”

လျိုကျုံးမင်သည် မာနတခွဲသားဖြင့် ပြုံးလိုက်၏၊

“ 5v2 တစ်ဖက်လူတွေ ကံဆိုးပြီပဲ၊ ငါတို့တွေ ရှေ့ကို ဆက်တိုးမှာလား၊ သူတို့တွေ ငါတို့ကို အလကားပေးသ-တ်ချင်နေတာ”

ကြီးမြတ်လှသည့်သခင်လေး သတ်တာခံလိုက်ရသည့်နှစ်ယောက်သည် လေသံနှိမ့်ကာ ပြောလိုက်၏။

“ တာဝါအောက်မှာရပ်နေတဲ့သူက အားကောင်းမဲ့ပုံပဲ”

“ မင်းတို့က ဘာကိုကြောက်နေတာလဲ၊ ငါတို့မှာ သခင်လေးဖူရှိတယ်”

လျိုကျုံးမင်သည် သူ့အသံကို မြင့်လိုက်၏။

“ အားလုံး အရှိန်နဲ့တက်”

ဖူရှီမင်ကလည်း ပြောလိုက်၏။

“ စိတ်ချထားလိုက်၊ ငါတစ်ယောက်ထဲနဲ့ သူတို့တွေကိ ဖျက်ဆီးနိုင်တယ်”

သူ ပြောလိုက်သည့်စကားကို ကြားလိုက်ပြီး ကျန်လူများသည် မြန်မြန် ပြေးဝင်သွားကြတော့သည်။

သို့သော် တာဝါအောက်တွင် ရပ်နေသူသည် နောက်တစ်လှမ်းဆုတ်သွားဟန်တူ၏။

သူသည် တစ်ဖက်အသင်း၏ အလိုဆန္ဒကို ဆွဲဆောင်ကာ သ-တ်ရန် ပြင်ထားလိုက်၏။

ကြီးမြတ်လှသည့်သခင်လေးသည် နောက်သို့တစ်လှမ်း သေချာဆုတ်လိုက်သော်လည်း သူသည် ထွက်ပြေးသည်တော့မဟုတ်ပေ။

ထို့အစား သူ့နောက်ကလူ လိုက်မှီလာရန် စောင့်နေလိုက်ခြင်းသာဖြစ်၏။ ထိုသူမှာ ဖူကျို့ပင်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now