အပိုင်း (၂၆၁) ချိုမြနေတာပဲကွယ်

819 85 3
                                    

အပိုင်း (၂၆၁) ချိုမြနေတာပဲကွယ်

“ ခေါက်ဆွဲကျွေးခံရတဲ့သူက ပိုချောတာနော် XOXO ပဲ”

ထို “ XOXO”ဆိုသော အဆုံးသတ်စကားလုံးလေးသည် ဝေ့ပေါ်တခွင် ပျံ့နှံ့သွားလေသည်။

ထူးထူးခြားခြားဖြစ်နေရခြင်းမှာ ထိုပိုစ့်တွင် ဖူကျို့က ချင်မော့ကို မန်းရှင်းထားပြီး သူမက သူ့ကို ခေါက်ဆွဲကျွေးနေသည့်ပုံကို ထပ်ထည့်ထားသောကြောင့် ဖြစ်လေသည်။ ထိုဓာတ်ပုံထဲတွင် ချင်မော့သည် သူ့မျက်နှာကို ဘေးသို့ လှလှပပ လှည့်ထားပြီး သူ့နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့လေးတွဲခိုနေရာ အလွန်သိမ်မွေ့သည့်ဟန် ဖြစ်နေပုံမှာ အမှန်ပင် ချေမောနေတော့သည်။

သူ့သွယ်လျသောလက်ချောင်းများသည် ဖူကျို့၏ခါးကို ဆုပ်ကိုင်ထားသည်။ သူသည် အေးချမ်းနေပုံပေါ်ပြီး သူ့မျက်ဝန်းများမှာ နက်ရှိုင်းကာ အလွန်လှပနေတော့သည်။

ကြီးမြတ်လှသောသခင်လေးချင်ကို အမှန်တကယ် ချစ်ခင်ကြသူများအားလုံးသည် ကြီးမြတ်လှသောသခင်လေးချင် မျက်ခုံးများကို ပင့်ကာ သူ့ကို ခေါက်ဆွဲကျွေးနေသော ထိုလူငယ်လေးအပေါ် မည်မျှစွဲလမ်း နှစ်သက်နေကြောင်းကို အလွယ်တကူနှင့် ချက်ချင်း ပြောနိုင်လေသည်။

Spade Z သည် သူမ၏တရားဝင်အကောင့်တွင် တစ်ခါမှ ပိုစ့်မတင်ခဲ့ရာ ဒါသည် သူမ၏ဝေ့ပေါ်အကောင့်တွင် တင်လိုက်သော ပထမဆုံးပိုစ့် ဖြစ်လေသည်။

တစ်မိနစ်တောင်မပြည့်သေးဘူး ဝေဖန်ချက်က အခုတစ်ရာတောင်ရှိသွားပြီတဲ့လေ။

“XOXO တဲ့လား”

“သူ အထာပေးနေတာလား၊ ဘုရားရေ ဒါက ငါ့ရဲ့ ကြီးမြတ်တဲ့Spadeကြီး ပေ့ါလေ”

“ Spade Zကို ထိုးချခဲ့တဲ့ ဟိုကလေးမကိုတော့ ဒါက သူမမျက်နှာကို ပါးတစ်ချက်ချလိုက်တာပဲ”

“ Spadeကြီးကဖြင့် သူမကို တစ်စက်ကလေးမှ ဂရုမစိုက်တာနော်”

“ဒါပေါ့၊ ကြီးမြတ်တဲ့Spadeကြီးက ကြီးမြတ်လှတဲ့သခင်လေးချင်ကိုပဲ မျက်လုံးထဲ ထည့်တာလေ”

“ဒီပိုစ့်မတင်ခင်ကတော့ ကြီးမြတ်လှတဲ့သခင်လေးချင်က ထိပ်ဆုံးက အားအပြင်းဆုံးသူဆိုတာ ငါ သံသယမရှိခဲ့ဘူး၊ အခုတော့ ဒီဆက်ဆံရေးကို သေချာပြန် ဆန်းစစ်ရတော့မယ်၊ ပြီးတော့ ဘယ်သူက အပေါ်မှာ ရောက်ပြီး အောက်မှာရှိတဲ့သူကရော ဘယ်လိုဖြစ်နေလဲဆိုတာ ကြည့်ရတော့မယ်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now