အပိုင်း (၃၅၇) ချစ်ခြင်းတွေကို ထုတ်ကြွားမယ်

520 44 0
                                    

အပိုင်း (၃၅၇) ချစ်ခြင်းတွေကို ထုတ်ကြွားမယ်

သူ မနာလိုမဖြစ်ဘူးရယ်လို့တော့ မဟုတ်ဘူးပေါ့။

သူရှိရမဲ့နေရာက အဲမှာမဟုတ်ဘူးဆိုတာ သိနေလို့ပဲ။

ရာမာဂူချီသည် Supremeအသင်းက ချစ်ချစ်ခင်ခင် ဖြစ်နေကြပုံကို ကြည့်နေရင်း သူ့မျက်လုံးများတွင် အလင်းများ ပြည့်နှက်သွားတော့သည်။ သူသည် ဆာကူရာအသင်းတံဆိပ်ပါသည့် သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်၏။

သတင်းထောက်များသည် ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ထိုမြင်ကွင်းကို ရိုက်ကူးထားရန် ကင်မရာကို ကိုင်ထားကြသည်။

သည်တစ်ကြိမ်၌ ဆာကူရာအသင်း၏ ဂုဏ်သတင်းသည် ဆုံးရှုံးဖွယ်ရာရှိလေသည်။

ထိုနေ့က ဓာတ်ပုံများကို အွန်လိုင်ပေါ်တွင် တင်လိုက်ပြီးနောက် တရုတ်ပြည်တွင်းအသင်းများကို အမှန်တကယ်ပင် စုရုံးသွားစေတော့သည်။

အမှန်တွင်လည်း တိုကျိုနှင့် မတူသည်က Supremeအသင်းသည် နိုင်ငံ့Top four အသင်းဝင် မဟုတ်သော်လည်း အားလုံး၏စိတ်ထဲတွင်တော့ သူတို့၏အင်အားကို သေသေချာချာ သိကြလေသည်။

“ သူတို့စွမ်းဆောင်ရည်က ကောင်းတယ်ဆိုပေမဲ့ ရှန်းနန်လောက်တော့ မကောင်းသေးပါဘူး”

ဒါသည် e-sportကစားသမားဟောင်းတစ်ယောက်ထံမှ အလွန်လက်ခံနိုင်ဖွယ်မှတ်ချက်တစ်ခု ဖြစ်၏။

ရှန်းနန်အသင်းမှ မည်သူမှ ပြန်မပြောကြပေ။

သို့သော် အခြားအသင်းမှာ လူတချို့က လက်ခံကြလေသည်။

အကြောင်းမှာ နောက်တစ်နေ့တွင် ရှန်းနန် အသင်းနှင့် ဆာကူရာအသင်းတို့၏ ချစ်ကြည်ရေးပွဲနှင့် ပတ်သက်သည့် ဗွီဒီယိုနောက်တစ်ခုက ဝက်ဘ်ဆိုက်တွင် တက်လာသောကြောင့်ပင်။

5V5ပြိုင်ပွဲဖြစ်ပြီး ပွဲပြီးသွားချိန်၌ ရှန်းနန်ဘက်မှာ လူနှစ်ယောက်သာ-ေသပြီး ပြိုင်ဘက်အသင်းမှ လူဆယ့်သုံးယောက် -ေသသွားသည်။

ထိုအချက်အလက်က ရှန်းနန်အသင်း မည်မျှ အားကောင်းကြောင်းကို အပြည့်အဝ ထင်ဟပ်နေလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now