အပိုင်း (၂၂၇) သခင်ကျို့က ပြောလိုက်တာက မင်းကို ငါလေးက အကောင့်အသစ်လေးတစ်ခုနဲ့တင် သ

877 99 2
                                    

အပိုင်း (၂၂၇) သခင်ကျို့က ပြောလိုက်တာက မင်းကို ငါလေးက အကောင့်အသစ်လေးတစ်ခုနဲ့တင် သတ်နိုင်တယ်တဲ့

ဒါတွေအားလုံးက တကယ့်ကိုမယုံနိုင်စရာကောင်းတဲ့ သိပြီးသားအကွက်တွေပဲ။

လူငယ်လေးမှာ ဘာလက်နက်ကိရိယာမှတောင်မရှိဘူး။ အကောင့်အသစ်ကိုသုံးပြီး တစ်ချက်ထဲနဲ့ အသင်းတစ်ခုလုံးကို အဆုံးသတ်ပေးလိုက်တာ။

ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း လုပ်ခဲ့တဲ့ပြိုင်ပွဲတွေကို ပြန်ကြည့်ရင် ကြီးမြတ်လှတဲ့သခင်လေးချင်တစ်ယောက်ပဲ ဒီလိုလုပ်နိုင်ခဲ့တာလေ။

ဒါက တာဝန်ခံတစ်ယောက်ရဲ့အရည်အချင်းတွေပဲမဟုတ်ဘူး။ တာဝန်ခံမှာ လုပ်ဆောင်ရမဲ့ တိကျပြတ်သားတဲ့ နည်းဗျူဟာတစ်ခု လဲရှိနေလို့ပဲ။

ကြီးမြတ်လှတဲ့သခင်လေးချင်ကို တန်ဖိုးအရှိဆုံးနိုင်ငံကစားသမားလို့ခေါ်ခဲ့ကြတာလေ။ ဘာလို့လဲဆိုတော့ သူ့မှာ လုပ်ရမဲ့နည်းလမ်းတွေနဲ့အတူ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းတွေရှိနေလို့ပေါ့။

အခု ဒီလို ထပ်ဖြစ်ပြန်ပြီ။

ပြီးတော့ ကစားသမားအသစ်လေးက လုပ်တာတဲ့။ တကယ့်ကို တုန်လှုပ်ဖို့ကောင်းတယ်။

အမှန်တွင် ရင်းဝူယောင်ကိုယ်တိုင်က သူတို့ရဲ့ခေါင်းဆောင် ဒီလောက်တောင် တော်လိမ့်မယ် မထင်ထားခဲ့လေဘူး။

သူတို့သည် ဖန်သားပြင်ပေါ်က ဖြာထွက်နေတဲ့ ငွေရောင်အလင်းတန်းနဲ့ အောင်နိုင်ခြင်းကို ကိုယ်စားပြုနေတဲ့ ထိုစာလုံးနှစ်လုံးကို ကြည့်နေမိတော့သည်။

ထိုခဏတွင် လူငယ်လေးဆီမှကြားခဲ့ဖူးသော ထိုစကားတို့သည် ရင်းဝူယောင်ခေါင်းထဲတွင် ပြန်ပေါ်လာလေသည်။

“ ဆုရတော့ကော ဘယ်လောက် များမှာမလို့လဲ၊ ကျွန်တော်တို့ကစားတာ ဂိမ်းလောကတစ်ခုလုံးကို လှုပ်ခါလိုက်ဖို့ပဲလေ”

သည်တစ်ကြိမ်တွင် ကျန်းမြို့တော်မှာရှိသော တုန်လှုပ်သွားသည့်ဂိမ်းလူမှုအဖွဲ့အစည်းတင်မကဘဲ တစ်နိုင်ငံလုံး အတိုင်းအတာမှာတောင် ဖူကျို့၏စွမ်းရည်က ဂိမ်းလောက၏ အထွတ်အထိပ်မှာ ရှိနေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now