အပိုင်း (၃၇၅) နှစ်ယောက်က အသားကင်တစ်ခုထဲကို ကိုက်လိုက်တယ်

326 37 0
                                    

အပိုင်း (၃၇၅) နှစ်ယောက်က အသားကင်တစ်ခုထဲကို ကိုက်လိုက်တယ်

“ ဒီအတွက် မင်းကို ကျေးဇူးတင်ရမယ်ပေါ့လေ”

ချင်မော့၏အသံသည် ပိုနီးကပ်လာချိန်၌ သင်သည် ဖိအားကို အမြဲလိုလို ခံစားရလေ့ရှိ၏။

သို့သော် ဖူကျို့သည် ထိုအရာကို ဘယ်တုန်းကမှ မကြောက်ခဲ့ပေ။ သူမသည် ပြုံးလိုက်ပြီး

“ ဘာလဲ၊ အစ်ကိုမော့က နင်လေးရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးတော့ ငါလေးဆီ ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့၊ ဒီလိုဆိုရင် ငါလေး ဘာလက်ဖွဲ့မှာ မယူဘဲ နင်လေးကို ယူဖို့ စဥ်းစားပေးနိုင်ပါတယ်လေ”

ချင်မော့သည် ကောင်လေးကို တစ်ချက်ကြည့်လိုက်ကာ ဖူကျို့၏ဦးထုပ်ကို သူလက်ဖြင့် ဖိချလိုက်လေသည်။

“ မင်း ပိုငယ်နေတာက ကံကောင်းသွားတာလို့ ကိုယ့်ဟာကိုမှတ်ထားလိုက်အုံး”

သူမသည် အမှန်တွင်လည်း သူမ၏ငယ်ရွယ်မှုကို အသုံးချလိုက်ခြင်းဖြစ်၏။ ဖူကျို့သည် သူမ၏မျက်နှာကို ဦးထုပ်ဖြင့် ကွယ်ထားလိုက်ပြီး လာချပေးသည့် အရသာကောင်းလှသည့် အသားကင်ကို ကြည့်နေလိုက်လေသည်။ သူမသည် အကင်ပေါ်က အမွှေးနံ့ကို ရနေပြီး အကင်များကို ကျက်နေအောင်ကင်ထားကာ ဆီများပင် တစ်စက်စက်ကျနေ၏။

ဒီတုတ်ထိုးကင်တွေကို လာစားမဲ့စိတ်ကူးက ဘယ်သူ့စိတ်ကူးမလို့လဲ။

ဒါသည် သူမ၏စိတ်ကူးပင်ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် အင်္ကျီဇစ်ကို ဆွဲတင်လိုက်ပြီး ပိုင်ရှင်အမျိုးသမီးရှိရာဖက်သို့ စိတ်ပျက်ပျက်နှင့် လှမ်းကြည့်လိုက်၏။

“ ကျွန်တော့်ရဲ့ ကြက်ဥစွပ်ပြုတ်လေး မရသေးဘူးလား”

“လာပါပြီ၊ လာပါပြီ”

ထိုပိုင်ရှင်အမျိုးသမီးသည် ကောင်လေးက စိတ်ပျက်ပျက်နှင့် ကြည့်နေပုံမှာ အလွန် ချစ်စရာကောင်းသည်ကို တွေ့သွားပြီး သူမသည် ပြုံးလိုက်ရာ သူမ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်ထွက်လာလေသည်။ အသားကင်ဆိုင်လိုနေရာမျိုးတွင် ကြက်ဥစွပ်ပြုတ်သာ စားခွင့်ရခြင်းသည် သနားစဖွယ်ဖြစ်ရပ်ပင်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now