အပိုင်း (၂၆၄) အရှိန်မြင့်လေ့ကျင့်ရေး စပြီ ၊ ချိုမြိန်လိုက်တာ

612 66 0
                                    

အပိုင်း (၂၆၄) အရှိန်မြင့်လေ့ကျင့်ရေး စပြီ ၊ ချိုမြိန်လိုက်တာ

ကျန်းမြို့သည် တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ တိုကျိုသို့ တိုက်ရိုက်ပျံသန်းရန် အချိန်ကြာကြာ မပေးရချေ။ နာရီရှည် ပျံသန်းသော လေယာဥ် ဖြစ်သော်လည်း လေးနာရီကြာပြီးနောက်တွင် သူတို့သည် တိုကျိုမြို့၏ အပေါ်စီးကို ရောက်ရှိနေသည်။

သို့သော် ထိုတိုတောင်းသော လေးနာရီအတွင်း ဖူကျို့သည် သူမလေယာဥ်ပေါ်တက်တက်ချင်း လေကြောင်းလိုင်းမှ ပေးသော မျက်လုံးအကာကို တပ်လိုက်ပြီး သူမ၏ထိုင်ခုံကို နောက်သို့လှန်ချကာ သူမ၏ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။ သူမ၏ငွေရောင်ဆံပင်များသည် မျက်လုံးအကာပေါ်သို့ ကျနေပြီး ဖြူမည်းဓာတ်ပုံကားချပ်လေးလို လှပနေတော့သည်။

ချင်မော့သည် ကောင်လေးက ဘေးကလူတွေကို အထာမပေးနိုင်ရန် သူ့အတွက်နေရာကို သူ့ဘေးကထိုင်ခုံတွင် စီစဥ်ထားခဲ့သည်။

ဖူကျို့သည် ကောင်းကောင်းမွန်မွန် ပြုမူနေသည်ကို မြင်ရပြီးနောက် သူ့မျက်နှာကို ချိုသာအောင်ပြင်လိုက်ပြီး လေယာဥ်မယ် ရောက်လာသောအခါ သူ့မဂ္ဂဇင်းကို ချလိုက်ပြီး မေးလိုက်လေသည်။

“ ကျေးဇူးပြုပြီး စောင်တစ်ထည်လောက် ပေးလို့ရမလား”

ထိုလေယာဥ်မယ်လေးသည် ချင်မော့ကို ကြည့်ပြီး ရှက်သွေးဖြာသွားလေသည်။ သူမသည် များစွာသော ချစ်စရာကောင်းသည့် ကောင်လေးများကို မြင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ဆွဲဆောင်မှုအပြည့်နှင့် အသံရှရှလေးတစ်ခုကို ကြားရခဲလေသည်။

သို့သော်ငြား ချင်မော့၏စိတ်အာရုံမှာ လေယာဥ်မယ်ဆီတွင် မရှိချေ။ သူမ၏အပြုံးသည် ဘယ်လိုပင် ချိုမြနေစေကာမူ သူတောင်းထားသော စောင်ရောက်လာပြီးနောက်တွင် သူ့အကြည့်မှာ ကောင်လေး၏ မျက်နှာပေါ်တွင်သာ ကျရောက်နေတော့သည်။

သူသည် ဘေးသို့လှည့်လိုက်သောအခါ ကောင်လေးနှင့် နီးကပ်သွားပြီး ဆွဲဆောင်မှုရှိသော ‘သူ့’ငယ်ရွယ်နုပျိုမှုက သူ့ကို ရုတ်တရက်ဆိုသလို လာရိုက်မိသွားတော့သည်။ ချင်မော့သည် ခေတ္တတုံ့ဆိုင်းသွားပြီး သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now