အပိုင်း ( ၃၆၇) ဖူကျို့ကို ခေါ်လိုက်တယ် (၁)

482 51 1
                                    

အပိုင်း ( ၃၆၇) ဖူကျို့ကို ခေါ်လိုက်တယ် (၁)

သူမသည် အဝေးတွင် ကျောပေးထိုင်နေသည့် ချင်မော့ထံမှ မျက်လုံးမခွာနိုင်ပေ။ သူမ၏ နူးညံ့သည့်မျက်နှာပေါ်တွင် အပြုံးချိုချိုတစ်ခု ပေါ်ထွက်လာ၏။

ဟန်စုစုသည် ဘေးမှနေ၍ တွေ့သွားတော့သည်။ သူမ၏နှုတ်ခမ်းများကို ကွေးလိုက်ပြီး လေသံနိမ့်ကာ ပြောလိုက်၏။

“ နင် ဒီထပ်နည်းနည်းလောက် ပိုသိသာအောင် လုပ်လို့ရလား”

လျိုလိသည် ရှက်သွားပြီး ရှက်စိတ်ကို မြန်မြန်ဖုံးကွယ်လိုက်လေသည်။

“ တော်တော့”

“အင်းပါ၊ အင်းပါ၊ အင်းပါ၊ အခုတော့ ပါးစပ်ပိတ်ထားပါတယ်”

ဟန်စုစုသည် ရှေ့တိုးသွားကာ ဟန်ဖုန်းကို ပြောလိုက်၏။

“ကိုကို နင့်သဘောအတိုင်း ငါ င့ါသူငယ်ချင်းတွေခေါ်လာတယ်၊ နင်တို့အားလုံး သောက်ထားကြတယ်ဆိုတော့ ငါတို့ နင်တို့ကို ကားမောင်းပေးမယ်လေ”

ဟန်ဖုန်းက ပြုံးလိုက်၏။

“ ဒါဆို နင်တို့ရွေးလေ၊ ဒါပေမဲ့ ချင်မော့ကားက off-road SUVနော်၊ သူ ဒရိုက်ဘာကောင်းတစ်ယောက် လိုတယ်”

“ဒါဆို မမလျိုလိပေါ့”

ဟန်စုစုသည် လျှိုလိကို နောက်မှ တွန်းလိုက်,၏။

“ သူမသည် အစ်ကိုချင်ကို ပြန်ပို့ဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ၊ သူတို့နှစ်ယောက်လုံး ဂိမ်းကစားတယ် ပြီးတော့ နှစ်ယောက်လုံးက ခေါင်းဆောင်တွေ၊ သူတို့တွေ လမ်းမှာ ပြောစရာအများကြီးရှိမှာပဲ”

ဒါက အရေးကြီးကိစ္စလုံးဝမဟုတ်ဘူးလေနော်။

အစ်ကိုချင်က ငါ့ကို စိတ်ပျက်အောင်မလုပ်ဘဲ လက်ခံမှာပါ။

ဟန်စုစုသည် သူမ၏အတွေးတွင်တော့ တော်တော်သေချာနေလေသည်။

ငါ အရင်က သတင်းအချို့ ကြားထားတယ်လေ။

ဒီကို မလာခင်ကတောင် တရားဝင်Weibo page ကို တစ်ချက်ဝင်ကြည့်ခဲ့သေးတယ်။

Spade Zက သဘောထားသေးတဲ့သူဆိုတာ သက်သေတွေအားလုံး ငါ့မှာရှိတယ်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now