အပိုင်း (၂၇၂)ညချမ်းကလေးရေ ပြန်စာအတွက် ကျေးဇူးနော်

716 70 1
                                    

အပိုင်း (၂၇၂)ညချမ်းကလေးရေ ပြန်စာအတွက် ကျေးဇူးနော်

ဖူကျို့သည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ ထိုစကားကိုကြားလိုက်ပြီးနောက် သူမ၏ မျက်ခုံးလှလှေလေးကို ပင့်သည်။ လင်ဖုန်းက ‘ မင်း နားလည်သင့်ပြီ’ ဟုပြောလိုက်ချိန်တွင် ဆိုလိုသည့်အဓိပ္ပာယ်ကို သူမ နားလည်လိုက်ရာ အော်ရယ်လိုက်တော့သည်။

“အဲဒီရေခဲအလှရှင်လေးက အစ်ကိုမော့ကို ချစ်နေတာ မလို့လား”

လင်ဖုန်းသည် သူတို့နှစ်ယောက်က ညီအစ်ကိုကောင်းများပမာ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

“ဒါက ငါ့ဟာငါ အဖြေရှာထားတာ၊ ဒါကြောင့် မင်းလဲ တိတ်တိတ်နေနော်၊ ဘယ်သူ့ကိုမှ မပြောပြနဲ့၊ ငါ ၁၀၀% သေချာသေးတာမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီရေခဲအလှရှင်လေးက ခေါင်းဆောင်နဲ့တွေ့တိုင်း ပြုံးနေတာပဲ”

ဖူကျို့: .... ဒါကို မိန်းမတစ်ယောက်ရဲ့ အချစ်လို့ ခေါ်လိုက်တာပေါ့၊ မဟုတ်ရင်ကော ဘာဖြစ်နိုင်အုံးမှာလဲ....

“ငါ ဒါကို ရှာတွေ့ခဲ့တာဆိုတာ့ ငါ တော်တာမဟုတ်ရင် ဘာလဲ”

လင်ဖုန်းသည် သူ့လေသံကို နိမ့်ကာပြောလိုက်ပြန်သည်။

“အခု အသင်းမှာ မင်း ဘယ်သူ့နောက်ကို လိုက်သင့်လဲ သိပြီမလား၊ Spadeလေး မင်း ငါ့နောက်သာလိုက်ခဲ့ရင် နောက်ပိုင်းကိစ္စတွေကို စိုးရိမ်စရာမလိုတော့ဘူး”

ဖူကျို့က သူ့ကို ကြည့်ကာ အလေးအနက် ပြောလိုက်တော့သည်။

“ နင်တောင် ပြောနိုင်သေးရင် တခြားလူတွေလဲ ပြောနိုင်မှာပဲလေ၊ ဘာက ဂုဏ်ယူစရာကောင်းနေလို့လဲ”

လင်ဖုန်း:.....

ဖူကျို့သည် ရှော့ခ်ရသွားသည့် လင်ဖုန်းကို ဆက်မပြောတော့ချေ။ သို့သော် ဤကိစ္စသည် မိတ်ဖြစ်ပြိုင်ပွဲတစ်ခုထက် ဘလိုင်းဒိတ်တစ်ခုနှင့် ပိုတူနေသည်ကိုတော့ သူမ သေချာခံစားမိလိုက်သည်။

သည်မိတ်ဖြစ်ပြိုင်ပွဲက ကစားသမားများ၏ စိတ်ဓာတ်မြင့်တင်မှုကို လှုံဆော်ပေးရန်ဟူသည့် မန်နေဂျာဖုန်း၏ အစီအစဥ်ကို သူမ သံသယဝင်လာမိသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Waar verhalen tot leven komen. Ontdek het nu