အပိုင်း (၂၂၂) မင်းသားလေးကျို့စတင်လှုပ်ရှားခြင်း ၊ အင်တာနက်တစ်ခုလုံးကို ဟက်ခြင်း

771 95 1
                                    

အပိုင်း (၂၂၂)  မင်းသားလေးကျို့စတင်လှုပ်ရှားခြင်း ၊ အင်တာနက်တစ်ခုလုံးကို ဟက်ခြင်း

ကြီးမြတ်တဲ့သခင်လေးချင် ထွက်သွားသည်ကို ကြည့်နေမိကြသည်။ ဘာဆက်ဖြစ်လာမလဲဆိုတာကိုတော့ မည်သူမျှမသိကြပေ။

ပုံမှန်ဆိုရင် တစ်စုံတစ်ယောက်က <Spade Z>ရဲ့IDကို ခိုးသွားရင် ကြီးမြတ်တဲ့သခင်လေးချင်က မောင်းထုတ်ပစ်မှာပဲမလား၊ သူဘာလို့ ထွက်သွားတာလဲ။

အတွင်းရေးမှူးလျန်ပင် ဝေခွဲမရဖြစ်သွားလေသည်။

အခုလေးတင် သခင်လေးချင် ထုတ်လွှတ်လိုက်တဲ့ ရေခဲလို အေးစက်စက်ခံစားချက်က လူတိုင်းရဲ့နှလုံးသားကို ထုံကျဥ်သွားလုနီးပါးပဲလေ။ ဒီလိုကြီး ရုတ်တရက် ဘာလို့ပြန် လျှော့သွားတာလဲ။

မဟုတ်သေးဘူး။ လုံးဝမဟုတ်ဘူး။  လျှော့ချလိုက်တယ်ဆိုတာထက် သူ့မျက်ဝန်းတွေထဲမှာ မိစ္ဆာဆန်ဆန်ဒေါသတွေ ပါနေတာ CEOချင် ပဲလေ။

ဒါက ကောင်းတဲ့သင်္ကေတလို့တော့ အတွင်းရေးမှူးလျန်လုံးဝမထင်ပါ။

ပုံမှန်အခြေအနေမှာဆိုရင် CEOချင်က ပိုတိတ်ဆိတ်သွားလေလေ တစ်ဖက်လူက ပိုပြီး ရက်ရက်စက်စက် သေနိုင်ခြေရှိလေပဲ။

ဒါပေမဲ့ အတွင်းရေးမှူးလျန်စိတ်ထဲမရှင်းတာက CEOချင်က ဒီလို စိတ်ရှည်ရှည်နဲ့ရပ်စောင့်ပေးနေတယ်ဆိုတာပဲ။

ပရိသတ်များအားလုံးကလဲ ဝေခွဲမရဖြစ်ကာ ကွင်းထဲကို ထပ်ကြည့်လိုက်ကြသည်။

ဆူညံပွက်လောရိုက်နေသော်လည်း ကောင်လေးသည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကွန်ပျူတာရှေ့တွင် ပြန်ထိုင်ချလိုက်လေသည်။ သူ၏ဘေးတိုက်မျက်နှာထားမှာ လွန်စွာ တည်ငြိမ်ချောမောနေပြီး “သူ”သည် မတရားစွပ်စွဲခံရသည့်သူ လုံးဝမဟုတ်သည့်ပမာ။

ဖူကျို့သည် သူမ၏ ရှည်သွယ်သော လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး မိုက်ကို သူ့ပါးစပ်နှင့်ချိန်ငြိလိုက်သည်။ သူမ၏ငွေရောင်ဆံပင်သည် သူမျက်လုံးကို သဘာဝကျကျ ဖုံးကွယ်ထားလေသည်။

ထို့နောက် သူမသည် ရယ်လျက် ပြောလိုက်လေသည်။

“ ငါလေး ဂိမ်းမကစားတာ တစ်ရက် နှစ်ရက်ပဲရှိသေးတယ် ငါလေးရဲ့အကောင့်က ခိုးခံလိုက်ရတယ်တဲ့။ သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး ဘယ်သူက Spade Zအစစ်လဲဆိုတာ သက်သေပြနိုင်တဲ့ ပြည့်စုံတဲ့နည်းလမ်းက ရှိပြီးသား”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now