အပိုင်း ( ၃၇၁) ယောင်ကိုင်းသွားတဲ့မျက်နှာ

348 50 0
                                    

အပိုင်း ( ၃၇၁) ယောင်ကိုင်းသွားတဲ့မျက်နှာ

ဟန်စုစုသည် စကိတ်ဘုတ်က သူမဆီသို့ အရှိန်နှင့် ပြေးဝင်လာသောကြောင့် မျက်လုံးပြူးကျယ်သွားကာ လန့်သွားတော့သည်။ ဟန်ဖုန်းသာ သူမကို နောက်သို့ လှမ်းမဆွဲလိုက်လျှင် သူမ၏ဒူးများသည် သေချာပေါက် ညွှတ်ကျသွားပေလိမ့်မည်။

ဟန်စုစုသည် မျက်လုံးကို ပင့်ကာ ရှေ့ကို ကြည့်လိုက်၏။ သူမသည် ကောင်လေးက သူ့ခြေထောက်ကို ပြန်ရုပ်လိုက်သည် ဟန်ကိုသာ မြင်လိုက်ရ၏။ ဖူကျို့သည် အေးတိအေးစက် ပြုံးနေလိုက်၏။

“ကောင်မလေး အဆဲခံရတာတော့ မကောင်းဘူးနော်၊ ဒီကမ္ဘာနေနေတဲ့ သက်ရှိလူသား တစ်ယောက်အနေနဲ့ နင့်မှာ အခြေခံဆင်ခြင်နိုင်စွမ်းမရှိဘူးဆိုရင် နင်ထွက်မလာတာ ပိုကောင်းတယ်၊ နင်ကလေ အရူးလုပ်ခံနေရတာကို မသိဘဲ ပျော်နေသေးတယ်၊ တချို့ကောင်မတွေကလေ နင့်လို နှမ်းဖြူးစရာလူမျိုးသာ မရှိရင် ဉာဏ်ဆင်လို့ရမှာမဟုတ်ဘူး၊ နင်က တကယ့်ကို လက်ခုပ်တီးပေးဖို့ ငှားထားတဲ့အဖွဲ့ဝင် ပီသပါပေတယ်”

စကားဆုံးသွားချိန်၌ ဟန်စုစု တင်မက ကာလီအသင်းသူများသည် ရှက်သွားကာ သူတို့၏မျက်နှာများသည် ဖြူရော်သွားတော့သည်။ ဖူကျို့ကို ကြည့်ကာ သူတို့သည် သူမကို အသေသတ်ချင်တော့သည်။

သို့သော် ဖူကျို့သည် ဘာကိုမှ ဂရုစိုက်ဘဲ သူမ၏နှုတ်ခမ်းထောင့်သည် ကွေးနေဆဲပင်။

ဟန်စုစုသည် အလွန်ဒေါသထွက်သွားပြီး သူမရင်ဘတ်ထဲ၌ပင် နာကျင်သွားတော့သည်။ သို့သော် ချင်မော့သည် အနားတွင် ရပ်နေရာ သူမသည် နေရာကမရွေ့ရဲပေ။

ဟန်စုစုသည် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးသည်ဆိုရာ၌ သူမအစ်ကိုကတော့ဖြင့် ထိုသို့မဟုတ်ပေ။

သူတို့သည် ဖူကျို့သည် လုပ်ရပ်ကို တွေ့သွားသည်နှင့်တစ်ပြိုင်နက် သည်ကောင်လေးသည် ကိုင်တွယ်ရခက်ခဲမည်ကို သူတို့ သိသွားတော့သည်။

ကောင်လေးသည် ရောက်လာကတည်းက လုံးဝမရွှေ့ဘဲ ထိုနေရာတွင်သာ ရပ်ကာ စကားပြောနေ၏။

ဖူကျို့သည် သူတို့၏သရုပ်သကန်ကို မကြောက်မှန်း သူ ပြောနိုင်ပေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Unde poveștirile trăiesc. Descoperă acum