အပိုင်း (၂၀၇) အပျော်လွန်သွားသောဟယ်ဟုန်ဟွာ

857 78 1
                                    

အပိုင်း (၂၀၇)  အပျော်လွန်သွားသောဟယ်ဟုန်ဟွာ

ပထမ... တစ်တန်းလုံးမှာပထမ

ဟယ်ဟုန်ဟွာ၏မျက်နှာသည် အမည်ဖော်မရသော ထိတ်လန့်မှု အပြည့်ဖြစ်နေလေသည်။ ထိုခဏတွင် လွန်စွာ အံ့ဩသွားသည်ဖြစ်ရာ သူမ နားကြားများမှားသွားသလားဟုပင် တွေးမိလေသည်။

ဖုန်းတစ်ဖက်ရှိလူသည်ဆက်ပြောနေဆဲ “ ဟယ်လို၊ မစ္စစ် ဟယ်ရှင့်၊  နားထောင်နေသေးလား မစ္စစ် ဟယ်”

“ကျွန်မ....”

ဟယ်ဟုန်ဟွာ သတိပြန်ဝင်လာကာ အင်တင်တင်နှင့်မေးလိုက်သည်။

“ အမှတ်(၁)အလယ်တန်းကျောင်းမှာ ဖူကျို့ ဘယ်နှစ်ယောက်ရှိလဲ မေးလို့ရလားဟင်၊ ဆရာမ ဖုန်းခေါ်လာတဲ့သူကရော မှန်ရဲ့လား”

“ဟုတ်ကဲ့”

ထိုဆရာမသည် ပေါ့ပါးစွာရယ်လိုက်ပြီး ပြောလိုက်သည်။

“ တစ်ကျောင်းလုံးမှာ အစ်မကြီးရဲ့ဖူကျို့ ဖူကျို့တစ်ယောက်ပဲရှိတာပါ၊ ကျွန်မတို့ကို ထောက်ခံခိုင်းထားတာလဲ သူတစ်ယောက်ပဲ ရှိပါတယ်”

ယခုတွင် ဟယ်ဟုန်ဟွာသည် စိတ်လှုပ်ရှာသည်ထက်ပင် ပိုသွားလေသည်။

“ ရှင် ရှင်ပြောတာက တကယ်ပဲ ကျွန်မရဲ့ဖူကျို့ပေါ့နော် ပြီးတော့ သူက အဆင့် ၁ ရတယ်ပေါ့”

“ဟုတ်ကဲ့ အမှန်ပါပဲရှင် ရမှတ်တွေကိုပုံမှန်ဆိုရင် မနက်ဖြန်ကျောင်းမှာ ကြေညာရမှာပါ ဒါပေမဲ့ အခုက ကျွန်မက ဂိမ်းပြိုင်ပွဲကိစ္စ ဆွေးနွေးစရာရှိနေလို့ပါ၊ ဒီအပိုသင်ရိုးညွှန်းတမ်းက မိဘတွေရဲ့ထောက်ခံချက်လိုပါတယ် ဒါကြောင့် ဖုန်းခေါ်လိုက်ရတာပါ”

“ ကျွန်မ လက်ခံတာပေါ့”

ဟယ်ဟုန်ဟွာ၏မျက်နှာမှာ ပန်းဆီရောင်သန်းသွားပြီး သူမ၏လေသံပင် ပျော်ရွှင်မှုကြောင့် ပြောင်းသွားလေသည်။

“ ကျောင်းက အဆင်ပြေသ၍ ဖူကျို့လုပ်ချင်တာမှန်သမျှကို ကျွန်မက သဘောတူပါတယ်”

ထိုဆရာမသည် ဟယ်ဟုန်ဟွာ သူမ၏ကလေးကိုမည်မျှ အလိုလိုက်ကြောင်း သိထားသော်လည်း ဟယ်ဟုန်ဟွာနှင့် ပတ်သက်ပြီး ဖူကျို့၏မိခင်ကို မကောင်းဆိုးဝါးလိုပုံဖော်ပြီး သတင်းလွှင့်သည့်သူကိုတော့ သူလည်း သေချာမသိပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now