အပိုင်း (၂၅၉) ကြီးမြတ်လှတဲ့သခင်လေးချင်ကပြောလိုက်တယ် " ဟုတ်တယ် ၊ သကြားလုံးတွေ ဝေန

643 65 1
                                    

အပိုင်း (၂၅၉) ကြီးမြတ်လှတဲ့သခင်လေးချင်ကပြောလိုက်တယ် “ ဟုတ်တယ် ၊ သကြားလုံးတွေ ဝေနေတာလေ” တဲ့

ဤအားပြင်းသော စာသားများသည် ကြည့်ရှုသူအားလုံးကို တိုက်ရိုက် တုန်လှုပ်သွားစေတာ့သည်။

ထိုနောက်တွင် တစ်စုံတစ်ခုက ချက်ချင်း ကပ်ပါလာတော့သည်။

ဤသည်မှာ ချင်မော့ တင်လိုက်သော ဒုတိယမြောက်ပိုစ့် ဖြစ်တော့သည်။

မှားတင် မိလိုက်သည် မဟုတ်ပါ။

တစ်နှစ်တွင်တစ်ကြိမ်သာ Weiboကို အဆင့်မြင့်သည့် ကြီးမြတ်လှသည့် သခင်လေးချင်သည် ယခုတော့ တစ်နေ့ထဲတွင် ပိုစ့်နှစ်ခုကို တင်ခဲ့လေသည်။

ပထမပိုစ့်ကို  Spade Zအတွက်ကာကွယ်ပေးခြင်းဟု သတ်မှတ်လျှင် ဒုတိယတစ်ခုသည် ပို၍ပင် တိုက်ရိုက်ဆန်လေသည်။

“Spade Zကို အသရေဖျက်တဲ့သူတိုင်းကို ငါ မှတ်ထားရလိမ့်မယ်”

ထိုခဏတွင်

တရားဝင်ဝေ့ပေါ်တစ်ခုလုံး ဗြောင်းဆန်သွားတော့သည်။

ထိုစစ်မှန်သော ချစ်ခြင်းနှင့် ဖန်အမကြီးသည် ရက်ပေါင်းများစွာ ကြိုးစားအားထုတ်လာသည့်နှယ် လက်ရှိအခြေအနေကို လုံးဝ ပြောင်းလဲပစ်ရန် ရည်ရွယ်ဟန်တူသည်။

ယခုအခါ သူမသည် သခင်လေးချင်က တခြားလူများကို ရှင်းရှင်းပြောထားသော ‘ Spade Z လေးကို အနိုင်ကျင့်တဲ့သူတိုင်းကို ငါက ပြန်ခံရအောင်လုပ်မှာ” ဟူသော ထိုစာတစ်ကြောင်း ကို မြင်လိုက်ရလေသည်။

ထိုကိစ္စပြီးဆုံးသွားလျှင် ထို စုံတွဲဖန်များသည် မည်သည်ကိုမျှ ထပ်သည်းခံစရာမလိုတော့ပေ။

ဝေဖန်ချက်များသည် စခရင်တစ်ခုလုံးတွင် ပေါက်ကွဲသွားတော့သည်။

“ငါ ပြောချင်တာ တစ်ခုပဲရှိတယ်၊ ငါတို့ရဲ့ Spade Zလေးက ကြီးမြတ်လှတဲ့သခင်လေးချင်ကို ခေါက်ဆွဲကျွေးနေတဲ့ပုံ ထပ်မြင်ချင်လိုက်တာ”

“ကြီးမြတ်လှတဲ့သခင်လေးချင်ရေ နင်လေးက ငါတို့ စုံတွဲဖန်တွေကို သကြားလုံးတွေ ဝေပေးနေတာတော့ မဟုတ်ဘူးပါနော်”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now