အပိုင်း (၂၆၅) တစ်ခန်းအတူတူ

793 70 1
                                    

အပိုင်း (၂၆၅) တစ်ခန်းအတူတူ

Supremeအသင်း တည်းခိုသော ဟိုတယ်သည် ကမ္ဘာပေါ်တွင် အီလက်ထရွန်နစ်နည်းပညာ အတိုးတက်ဆုံးဟု ကြေညာထားသော တိုကျိုမြို့၏ မြို့လယ်ခေါင်တွင် တည်ရှိသည်။

သည်နေရာတွင် အွန်လိုင်းဂိမ်း၊ အသံသရုပ်ဆောင်ခြင်းနှင့် ဘာသာစကား ပြောင်းလဲအသံသွင်းခြင်းတို့ကို ဆန့်ကျင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိချေ။

လေ့ကျင့်ရေးနေရာအဖြစ် သည်နေရာကိုရွေးချယ်လိုက်ခြင်းဖြင့် အသင်းမှ ကစားသမားများကို ထိုပတ်ဝန်းကျင်နှင့် ပိုအသားကျသွားရန် လုပ်ပေးလိုက်နိုင်၏။

လမ်းမများမှာ သန့်ရှင်းနေပြီး ဖြတ်သွား ဖြတ်လာ သူများအားလုံးသည် ဂျပန်စကားပြောနေကြရာ ထိုအရာက သင့်ကို ဂျပန်ကာတွန်းတစ်ခုထဲသို့ ရောက်သွားသလို ခံစားရစေသည်။

သူတို့သည် ဟိုတယ် ဧည့်ခန်းမကို ရောက်သည်နှင့် အနေခက်ဖွယ်ပြသနာတစ်ခု ဖြစ်ပွားတော့သည်။

Supremeအသင်းသည် မည်မျှချမ်းသာသည်ဖြစ်စေ သူတို့သည် ခုတင်နှစ်လုံးပါသော အခန်းများကိုသာ အသုံးပြုရပြီး တစ်ယောက်ခန်းကို မသုံးရပေ။

ဖူကျို့သည် ထိုအကြောင်းကို ကြားလိုက်ပြီးနောက်တွင် သူမ၏မျက်ခုံးများကို ပင့်လိုက်ပြီး သူမ၏မျက်လုံးလှလှလေးများကို ကျဥ်းမြောင်းထားလိုက်သော်လည်း သူမ၏မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပေ။

သို့ရာတွင် ရွှယ်ယောင်ယောင်သည် မော့ကြည့်လိုက်ပြီး သူမ၏နှလုံးသည် တုန်ယင်နေတော့သည်။

သာမန် နှစ်ယောက်အိပ်ခန်းမှာ သုံးရက်နေရမယ်တဲ့လား။

မင်းသားလေးကျို့ ဘယ်လိုလုပ်မှာလဲ။

သူမက ဘယ်သူနဲ့တွဲကျကျ အဆင်ပြေမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား။

သူမရဲ့ လျှို့ဝှက်ချက်သာ ပေါ်သွားခဲ့ရင်.....

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ရွှယ်ယောင်ယောင်သည် ဖူကျို့ကို ကြည့်လိုက်၏။

ဖူကျို့သည်လည်း သူကို ကြည့်နေပြီး သူမ၏လက်ချောင်းများကို မသိမသာ လှုပ်ပြလိုက်သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ