အပိုင်း (၃၇၀) တစ်စုံတစ်ယောက်ကို ထိုးကြိတ်ရမှာလား
“ ဘာလို့ ပိတ်ထားရမှာလဲ၊ ငါက....”
‘ငါ’ ဟုပြောလိုက်သည့်နောက်တွင် ဟန်စုစုသည့် ဘာမှ ပြောစရာထပ်မရှိတောပေ။
တခြားအကြောင်းကြောင့်မဟုတ်ဘဲ ချင်မော့က သူမကို ကြည့်နေသည့် မျက်လုံးအကြည့်များကြောင့်ပင်။ မျက်လုံးများသည် အင်မတန် အေးစက်နေတော့၏။
“ မင်း ဘာလို့ ဘာမှ ဆက်မပြောတော့တာလဲ”
ချင်မော့သည် ပြုံးနေသော်လည်း သူ့မျက်လုံးများသည် မီးခိုးရောင်မြူများ ဆိုင်းနေကာ အလွန်ကျောချမ်းစရာ ကောင်းနေသယောင်။
ဟန်စုစုသည် ငယ်ငယ်ကတည်းက သူမအကြောက်ဆုံးအရာမှာ ချင်မော့၏ ထိုအကြည့်ပင် ဖြစ်လေသည်။ ထိုအချိန်က သူမသည် သည်လူ အနားကိုပင် မကပ်ရဲခဲ့ပေ။ ယခုလည်း ထိုနည်းတူပင်။
သူ ဤသို့ ရယ်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အမှန်တကယ် ဒေါသထွက်နေကြောင်း ချင်မော့ကို သိသူတိုင်း သိကြ၏။
“ ဆက်ပြောလေ”
ချင်မော့သည် သူမထံ အနည်းငယ်တိုးလာ၏။
“မင်းထပ်ပြောမဲ့စကားကို ငါနားထောင်ရအောင်လို့ပါ”
ထိုဖိနှိပ်သည့်အားသည် ပတ်ဝန်းကျင်ရှိလေထုကို အေးခဲသွားစေတော့မယောင်။
ဟန်စုစု၏မျက်လုံးများသည် နီလာသော်လည်း သူမသည် ဘာမှ ထပ်မပြောရဲတော့ပေ။
အစ်ကိုတစ်ယောက်အနေဖြင့် ဟန်ဖုန်းသည်လည်း သည်နေ့ ကိစ္စများမှာ အလွန်ဆိုးရွားကြောင်း သိနေ၏။
“ ချင်မော့ ငါ့ညီမလေးက ငယ်သေးလို့....”
“ မင်း ငယ်သေးတယ်ဆိုရင်လဲ သစ်ကြားသီးကိုသာ ပိုစားနေလိုက်”
ချင်မော့၏အသံသည် ပျော့ပြောင်းနေဆဲပင်။
ဟန်စုစုက နားမလည်ပေ။
ငါက ဘာလို့ သစ်ကြားသီးတွေ ထပ်စားရမှာလဲ။
ဖူကျို့သည် ဘေးမှကြည့်နေပြီး သူမ၏စိတ်ထဲတွင်တော့ အကူညီမဲ့စွာ သက်ပြင်းချလိုက်မိတော့သည်။
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်