အပိုင်း (၃၄၀) နှင်းထဲမှာ လမ်းလျှောက်မယ်

486 46 1
                                    

အပိုင်း (၃၄၀) နှင်းထဲမှာ လမ်းလျှောက်မယ်

“ စိတ်မပူပါနဲ့ ငါတို့ နိုင်မှာပါ”

သူတို့မှာ Spade Z ရှိသေးတယ်လေ။

သူတို့သည် ထိုသို့စဥ်းစားလိုက်ရင်း ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန်တို့သည် ဖူကျို့ရှိရာဖက်သို့ တစ်စပ်တည်း ကြည့်လိုက်ကြလေသည်။

ဖူကျို့သည် သည်တစ်ကြိမ်တွင် ရယ်မောမနေချေ။ သူမသည် စခရင်ကို ကြည့်နေ၏။ သူမ စဥ်းစားနေသည့်အရာကို မည်သူမှ မသိကြပေ။

ထိုအခိုက်အတန့်တွင် ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန်တို့သည် ချင်မော့က ဖူကျို့၏ မျက်လုံးကို ကာကွယ်ရန်အတွက် သူမကို ဝင်ပြိုင်ခွင့်မပေးဖို့ ဆုံးဖြတ်ထားခဲ့သည်ကို မသိကြပေ။

ဆာကူရာအသင်း၏ ပြိုင်ပွဲဝင်ဗွီဒီယိုကို ကြည့်လိုက်ကြပြီးနောက်  အသင်းပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးသည် ပြောင်းလဲသွားတော့သည်။

မျက်လုံးများထဲတွင် ပြောင်းလဲမှုတစ်ခု အစပြုသွားပြီး သင် မသိလိုက်ခင်မှာပင် သူ့အစိတ်အပိုင်းတစ်ခု ဖြစ်အောင် လုပ်လိုက်တော့သည်။

အားလုံးသည် လေ့ကျင့်နေကြစဥ် ဖူကျို့သည်လည်း အသည်းအသန် ကစားချင်နေ၏။ အစပိုင်း၌ သူမသည်  ပါးစပ်ထဲတွင် တုတ်ထိုးချိုချဥ် ငုံကာ ထိုင်နေ၏။

ထို့နောက် သူမ၏မျက်လုံးများသည် မနေနိုင်တော့ဘဲ ကွန်ပျူတာစခရင်ကို ကြည့်လိုက်တော့သည်။

ချင်မော့သည် ဖူကျို့နှင့် အလွန်ဝေးဝေးတွင် ထိုင်နေ၏။ သူသည် စီးကရက်ကို ထုတ်လိုက်ပြီး ထရပ်လိုက်ကာ လူငယ်လေးဆီသို့ လျှောက်သွားလိုက်လေသည်။

“ထတော့”

“ဟင်”

“ ဆေးထည့်ရမဲ့အချိန်ရောက်ပြီ”

ချင်မော့သည် အမှန်ပင် အစ်ကိုကြီးပီသလှပေသည်။ မျက်စဥ်းဆေးကို တစ်ချိန်လုံး သူနှင့်မကွာ ယူလာခဲ့၏။

ဆေးထည့်နေစဥ်မှာပင် ဖူကျို့သည် သူမ၏ခေါင်းကို စောင်းကာ စခရင်ကို ကြည့်နေဆဲ။

ချင်မော့၏ လက်သည် လူငယ်လေး၏မေးကို ကိုင်ထား၏။ သူ့ခေါင်းကို စောင်းထားသည်ကို မြင်လိုက်ချိန်၌ ဘာမှ မပြောလိုက်ချေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now