အပိုင်း (၃၆၄) ကြီးမြတ်လှတဲ့သခင်လေးရဲ့ဖုန်းခေါ်ဆိုမှု

445 45 0
                                    

အပိုင်း (၃၆၄) ကြီးမြတ်လှတဲ့သခင်လေးရဲ့ဖုန်းခေါ်ဆိုမှု

“သခင်လေး ဘာတွေစဥ်းစားနေတာလဲ”

ချန်ရှောင်တုံးသည် ခေါင်းလေးကို စောင်းကာ မေးလိုက်၏။

ဖူကျို့သည် မတ်တတ်ထရပ်လိုက်ပြီး ကျောင်းလွယ်အိတ်ကို ပခုံးပေါ်ဆွဲတင်လိုက်ကာ

“ ဘာမှမဟုတ်ဘူး၊ အပေါ်တက်တော့မလို့”

ချန်ရှောင်တုံးသည် ခေါင်းရှုပ်သွား၏။

ဆေးရုံကဆင်းလာပြီးကတည်းက သခင်လေးက အရမ်းကို ထူးထူးဆန်းဆန်းတွေ လုပ်နေတာပဲ။ သူ အမြဲတမ်း အခန်းထဲမှာပဲနေပြီး ဂိမ်း ထပ်ကစားမလို့လား။

သည်တစ်ကြိမ်တွင် ချန်ရှောင်တုံးအတွေးမှားသွား၏။ ဖူကျို့သည် အခန်းထဲသို့ဝင်လာသော်လည်း ဂိမ်းမကစားပေ။ ထိုအစား သူမသည် သူမ၏လုပ်ငန်းသုံးလပ်တော့ပ် ကို ချက်ချင်းဖွင့်လိုက်လေသည်။

သူမ၏လက်ချောင်းရှည်များကို ကီးဘုတ်ပေါ်တွင် ဖြန့်ကျက်လိုက်ပြီးနောက် စခရင် လင်းလာ၏။

မျက်စိပသာဒဖြစ်စေသည့် Z စာလုံးတစ်ခုသည် စခရင်ပေါ်တွင် ပေါ်လာ၏။

သူသည် Supremeအသင်းကို ဝင်ပြီးကတည်းက ဒါကို လုံးဝထပ်မလုပ်ဖြစ်တော့ပေ။

ကြီးမြတ်လှသည့်သခင်လေးက သူမဘေးတွင် တစ်ချိန်လုံးရှိနေရာ သူမသည် ဘယ်ဝက်ဘ်ဆိုက်မှ ဟက်လို့မရပေ။

ဟက်ကာတိုင်းတွင် ကိုယ်ပိုင် ဟက်နည်းစနစ်များရှိ၏။

ကြီးမြတ်လှသည့်သခင်လေးသည် သူမကို Z မှန်းမသိပေ။ အကြောင်းမှာ “ဒါရိုက်တာကျန်း” ပြဿနာပြီးကတည်းက သူမ၏ပုံစံကို ပြောင်းလဲလိုက်သောကြောင့်ပင်။

သို့သော် ကြီးမြတ်လှသည့်သခင်လေးက ခဏခဏမြင်သွားပြီးနောက် သူမ အကြောင်းသိသွားမည်လား ဆိုသည်ကိုတော့ သူမ မသေချာပေ။

နောက်ဆုံး သူမသည် ၅လမ်းမကြီးပေါ်တွင် ကြီးမြတ်လှသည့်သခင်လေး၏ တားဆီးခံရပြီးနောက် သူမက မိန်းမတစ်ယောက်ဖြစ်သည်ကိုတော့ သူ သိမှာသေချာပေသည်။

ဒါသည် သူမက အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပေါ်ပေါက်သွားခြင်းဖြစ်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now