အပိုင်း (၃၉၆) အမှတ် (၁) အလယ်တန်းကျောင်းရဲ့ မင်းသားလေး

244 26 0
                                    

အပိုင်း (၃၉၆) အမှတ် (၁) အလယ်တန်းကျောင်းရဲ့ မင်းသားလေး

Crit damage ၁၀,၀၀၀ ထိသွားတာပဲ။

ဘေးတွင်ရပ်နေကြသူများသည် တောင့်တင်းသွားသည့် ဝမ်တာ့ဟူကို ကြည့်လိုက်ကြ၏။ သူတို့သည် ဖူကျို့က သူ့ကို ပြောလိုက်သည့်စကားကို မကြားလိုက်ရပေ။

ဝမ်တာ့ဟူက ကောင်လေး၏စကားကို အကြွင်းမဲ့ လက်ခံယုံကြည်သွားသည်ကို မြင်လိုက်ပြီးနောက် ဖူကျို့ကို မကောင်းမြင်နေကြသူများသည် ငြိမ်ကျသွားတော့သည်။

လူတချို့သည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးနှင့်တွေ့လျှင် ကြောက်သွားတတ်ကြရာ ရွံ့စရာကောင်းလှပေသည်။

မကြာမီက သူတို့သည် ဖူကျို့ အထိုးခံရမည်ကို စောင့်ကြည့်နေကြသေးသည်။

ဝမ်တာ့ဟူ၏ ချွန်ထက်သည့် လက်သည်းများအားလုံးသည် ဖူကျို့ရှေ့အရောက်တွင် ပျောက်ကွယ်သွားမည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ပေ။

ရန်ပွဲသည် ဖြစ်မလာတော့ဘဲ ထို့အစား သူတို့အားလုံးသည် ဖူကျို့ကို မဟာလေးစားမှုကြီး ပြသလိုက်ရလေသည်။

ဖူကျို့နှင့်ယှဥ်လျှင် တချို့ကောင်လေးများသည် ပို၍ပင် သတ္တိကြောင်ကြသေးသည်။

တစ်စုံတစ်ယောက်သည် အမှတ်(၁)အလယ်တန်းကျောင်း ရန်ရန်webpage  [ကျောင်းနာမည်ကြီးဝဘ်ဆိုက် ]ပေါ်တွင် ဖူကျို့ပုံကို တင်လိုက်၏။

ခေါင်းစဥ် : “ အယောက်တစ်ရာနဲ့ ယှဥ်ဝံ့တဲ့သူ ငါတို့ အမှတ်(၁)အလယ်တန်းကျောင်း မင်းသားလေးက အတိုင်းမသိချောမောလွန်းတယ်”

လူများသည် ထိုပိုစ့်ပေါ်တွင် မှတ်ချက်ပေါင်းများသွားကို ပေးကြလေသည်။ ဓာတ်ပုံရှုထောင့်အရာ ဖူကျို့သည် အလွန်ဓာတ်ပုံစား၏။ လူများသည် သူမကို anime ဇာတ်ကောင်နှင့်ပင် အမြင်မှားကြလိမ့်မည်။

ဖူကျို့သည် မိန်းကလေးများ၏လှုပ်ရှားမှုကို ဂရုတစိုက် စောင့်ကြည့်နေ၏။ ဤသို့သော အခြေအနေမျိုးကို အမှန်တကယ်တွေ့ကြုံဖူးမှသာ နားလည်ပေလိမ့်မည်။

သူတို့အားလုံးထဲတွင် ဟန်စုစု၏သဘောထားမှာ လုံးဝပြောင်းလဲသွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now