အပိုင်း (၂၂၈) မင်းရဲ့ပါးကို ရောင်လာတဲ့အထိ ထပ်ရိုက်မယ်

893 104 1
                                    

အပိုင်း (၂၂၈) မင်းရဲ့ပါးကို ရောင်လာတဲ့အထိ ထပ်ရိုက်မယ်

သည်စကားကိုကြားလိုက်သည်နှင့်တပြိုင်နက် ကွင်းအတွင်း ချီးကျူးအားပေးသံများသည် ကောင်းကင်ယံထိ ထိုးတက်သွားလေသည်။

အဓိကအင်တာနက်စာမျက်နှာပေါ်မှ ကြည့်ရှုသူအရေအတွက်သည်လည်း သန်းတစ်ရာအထိ ကျော်သွားတော့သည်။

လူအားလုံးသည် မက်ဆေ့များနှင့် ဆွေးနွေးပွဲနေရာကို သိမ်းယူထားကြတော့သည်။

အင်တာနက် နည်းပညာရှင်များပင် ဤမျှမြန်ဆန်သော ဝေဖန်ချက်ရေးနှုန်းကို တစ်ခါမှမမြင်ဖူးချေ။

သူတို့က အင်တာလိုင်းပျက်ကျသွားမှာကိုပဲ စိုးရိမ်နေမိတော့သည်။

“ချောလိုက်တာ”

“ ဒါမှ ငါ့ရဲ့ ကြီးမြတ်တဲ့ Spade ကြီးကွ၊’ငါလေးက နင့်ကို အကောင့်သစ်လေးနဲ့တင်သတ်နိုင်တယ်’တဲ့လေ”

“တကယ်အရည်အချင်းရှိတဲ့သူက အလုပ်နဲ့သက်သေပြတယ် အဓိပ္ပာယ်မရှိတာတွေပြောမနေဘူး”

“အစီရင်ခံတဲ့သူတွေဘယ်ရောက်ကုန်ပြီလဲ၊ ပြန်ပြီး သုံးသပ်ချက်ပေးပါအုံ”

“ အစီရင်ခံတဲ့သူတွေတောင် ငါ့ရဲ့ကြီးမြတ်တဲ့Spade ကြီးရဲ့ ဖန်ဖြစ်ကုန်ပြီဟ”

“ ငါမေးပါအုံးမယ် ဘယ်သူရှိသေးလဲ၊ ဘယ်သူကျန်သေးလဲ၊ ငါရဲ့ကြီးမြတ်တဲ့Spadeကြီးကို ထိုးချချင်တဲ့ကောင်တွေ မင်းတို့မျက်လုံးကိုဖွင့်ကြည့်လိုက်ကြစမ်း၊ မင်းတို့ရဲ့ပေါက်ကရစကားတွေကို ငါ့ကွန်ပျူတာရှေ့ကနေ တလျှောက်လုံး သည်းခံလာရတာ၊ သက်လတ်ပိုင်း ဦးလေးကြီးတစ်ယောက်အနေနဲ့ မင်းတို့ကို သိပ္ပံပညာအချို့ငါ့ကို ပြန်မျှဝေခွင့်ပြုကွာ။ ဒါက ကြီးမြတ်တဲ့Spadeကြီးကပဲလုပ်နိုင်တဲ့ အမြန်နှုန်းကွ နားလည်လား၊ အဲဒီ ဖူရှီမင်ဆိုတဲ့ကောင် Spade Z အကောင့်ကို ပြန်ပေးစမ်း။ မဟုတ်လို့ကတော့ ငါတို့ ဟက်ကာတွေ ဘာလုပ်နိုင်သေးလဲဆိုတာကို မင်းကိုပြရလိမ့်မယ်”

ထိုဝေဖန်ချက်များသည် ကွင်းအတွင်းရှိ အဓိကဖန်သားပြင်ပေါ်တွင် အချိန်နဲ့တပြေးညီပေါ်လာလေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now