အပိုင်း (၃၄၄) သူတို့ ဂျပန်ကို လာခဲ့တာကို နောင်တရသွားအောင်လုပ်ပစ်မယ်

357 34 0
                                    

အပိုင်း (၃၄၄) သူတို့ ဂျပန်ကို လာခဲ့တာကို နောင်တရသွားအောင်လုပ်ပစ်မယ်

နိုင်ငံ့တံခွန်စိုက်ပြိုင်ပွဲနီးသထက်နီးလာပြီဖြစ်ရာ နည်းပရိယာယ်များကို ထိန်းသိမ်းရမည်က ပိုအရေးကြီးလေသည်။

ထို့ကြောင့် မန်နေဂျာဖုန်းသည်  Supremeအသင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သည်အတိုင်း စိတ်ပိုင်းဖြတ်ကာ တားဆီးထားလိုက်လေသည်။ တရုတ်မှ လူအားလုံးသည် သူတို့ တိုကျိုတွင် လေ့ကျင့်ရေးဆင်းနေသည်ကို သိထားကြသော်လည်း ပြိုင်ပွဲတည်နေရာကို မည်သူမှမသိကြချေ။

“ကျွတ် ကျွတ် သိပ်သနားဖို့ကောင်းတာပဲ”

ထိုသတင်းထောက်သည် မနေနိုင်တော့ဘဲ ခေါင်းခါလိုက်တော့သည်။ သူသည် သတင်းခေါင်းစဥ်ကောင်းတစ်ခု ရပြီဟု သိလိုက်တော့သည်။ ထို့ကြောင့် သူသည် ကျိုးတို့ကျဲတဲ ပရိသတ်များထိုင်နေသည့် တခြားဖက်၏ ပွဲကြည့်စင်၏ဓာတ်ပုံကို ရိုက်ယူထားလိုက်လေသည်။

“ ဂျပန်တို့ရဲ့စစ်မှန်တဲ့အစွမ်းကို ပြသနိုင်တဲ့ ကြီးမားတဲ့ကွာဟချက်ကို ဖန်တီးပေးလိုက်တာပဲ”

သူသည် ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တခြားဘက်မှ လှုပ်ရှားမှုနှင့် ဆူညံသံကို ကြားလိုက်လေသည်။

အလင်းကြောင့် ဖြစ်ပေါ်လာသည့် ရှည်လျားသည့် အရိပ်များသည် သူတို့ရှေ့တွင် ဆန့်ထွက်လာပြီး ကစားသမားအားလုံးသည် ပြီးပြည့်စုံသည့်အစီအစဥ်အတိုင်း ထွက်လာကြလေသည်။

သူတို့တစ်ယောက်စီသည် တူညီယူနီဖောင်းကို ဝတ်ဆင်ထားကြ၏။ အနက်ရောင်ကုတ်ပေါ်တွင် အဖြူသန့်သန့်သားမွေး ခေါင်းစွပ်ဦးထုပ်ပုံစံနှင့် အနည်းငယ်ဆင်တူသည့် ဒီဇိုင်းဆွဲထားသည်။ ဒါသည် စိတ်ကူးယဥ်လောကထဲတွင်သာ တွေ့မြင်နိုင်သည့် အိပ်မက်ဆန်ဆန် သူရဲကောင်းများနှင့် ဆင်တူနေတော့သည်။

ဘယ်အသင်းက ဒီလိုဝတ်တာလဲ။

ဒီအလွန်အကြူးအကောင်းစား ဝတ်စုံကဘာတဲ့လဲ။

အကောင်းစားတဲ့လား။

ငွေက Supreme Alliance အတွက် အမြဲတမ်း ပြဿနာတစ်ခု ဖြစ်နေလို့လား။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now