အပိုင်း (၂၁၉) သူက Spade Zလား

798 82 2
                                    

အပိုင်း (၂၁၉) သူက Spade Zလား

S.

P.

A…

Spa…

ထိုလှပသော လက်ကလေးများသည် မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်သောလက်များဖြစ်ပြီး အလွန်လျင်မြန်စွာ ရိုက်နှိပ်နေလေသည်။

လူငယ်လေး၏ နတ်ဆိုးဆန်ဆန် လှပသော ငွေရောင်ဆံပင်နှင့်အတူ သူ့တွင် ရှင်းပြလို့မရနိုင်သော အေးချမ်းမှု အရှိန်အဝါများ လဲရှိနေသည်။

လူငယ်လေး၏စာရိုက်နှုန်းကို ဘယ်သူ့မျက်လုံးများကမှ အမှီမလိုက်နိုင်ချေ။

ထိုနောက် ဖန်သားပြင်ကြီး၏အလယ်တွင် မျက်စိကျိန်းလောက်သောနာမည်တစ်ခု ပေါ်လာလေသည်။

Spade Z

ဟယ်ဟုန်ဟွာသည် ချက်ချင်း တံတွေးသီး သွားတော့သည်။ သူမ၏ပါးစပ်များမှာ အဝိုင်းသားဖြင့် ဘာအသံမှ မထွက်နိုင်ချေ။ သူမ၏ မျက်လုံးအစုံသည် ဖန်သားပြင်ကို စူးစိုက်စွာငေးနေမိပြီး သူမ၏ အနက်ရောင် မျက်ဆန်များမှာ လွန်စွာလှုပ်ရမ်းနေတော့သည်။

ချန်ရှောင်တုံး၏ တုံ့ပြန်မှုမှာ ရိုးရိုးလေးပင်။ သူ့လက်ထဲရှိမီးလင်းတုတ်သည် ကြမ်းပြင်ပေါ်သို့ တည့်တည့် ကျသွားလေသည်။

Spa… Spade Z လား

ငါ့.... ငါ့သခင်လေးက.....Spade Z တဲ့လား

အဲဒီ အခန်းခွဲကို ပထမဆုံးကို ရှင်းလင်းလိုက်တဲ့ အဲဒီနတ်ဘုရားက Spade Z ကလေ။

ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ။

ငါ့သခင်လေးက ဂိမ်းဇာတ်ကောင်ဘယ်လိုရွေးရမှန်းတောင် မသိတဲ့ဂိမ်းရူးတစ်ယောက် မဟုတ်ဘူးလား။

သခင်လေးက နေ့တိုင်း အခန်းပိတ်ပြီး သူရဲကောင်းဂိမ်းကိုကစားတာက သခင်လေးချင်ကို ဆွဲဆောင်ဖို့ ပိုပြီး ဝီရိယရှိလာတယ် ဆိုပေမဲ့လဲလေ

ဒါပေမဲ့.... ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး Spade Z ဖြစ်နိုင်မှာလဲဟ။

ချန်ရှောင်တုံးသည် ကွန်ပျူတာရှေ့တွင်ထိုင်နေသာ ငွေရာင်ဆံပင်နှင့်ကောင်လေးကို နောက်တခါ ထပ်ကြည့်လိုက်ပြီး သူ့လက်ချောင်းများပင် တုန်ယင်လာတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now