အပိုင်း (၃၂၄) ချမ်းသာကြွယ်ဝသော လောကကြီးထဲက အလှတရား

455 42 0
                                    

အပိုင်း (၃၂၄) ချမ်းသာကြွယ်ဝသော လောကကြီးထဲက အလှတရား

ထိုခဏတွင် သူမသည် နောက်ဆက်တွဲဖြစ်နိုင်ခြေများအတွက် မန်နေဂျာဖုန်းကို ကျေးဇူးတင်ရပေမည်။ ကြီးမြတ်လှသည့် သခင်လေးချင်သည် သူ့Weiboအကောင့် password မေ့သွားသောအခါ သူသည် ကြီးမြတ်လှသည့်သခင်လေး၏ passwordကို သူ့ ဂိမ်းpasswordအတိုင်း ချက်ချင်း ပြောင်းပေးလိုက်လေသည်။

ထို့ကြောင့် ဖူကျို့သည် လျှောလျှောရှူရှူ လုပ်နိုင်သွားခဲ့သည်။

သူမသည် သူ့အကောင့်ကို ဖွင့်ရန် တခြားနည်းလမ်းများလည်း သေချောပေါက်ရှိသေးသည်။

သူမသည် ကြီးမြတ်လှသည့်သခင်လေးချင်၏ လုပ်ငန်းသုံးလက်တော့ပ်ကို ယူနိုင်သ၍ သူမသည် အရင်မှတ်တမ်းများကို ရှာဖွေကာ ကုတ် ဖြေလို့ရသေးသည်။

သို့သော် ယခုမူ ကြီးမြတ်လှသည့်သခင်လေးသည် အတိတ်တုန်းက သူမကို ခံစားရအောင် လုပ်ခဲ့သူဖြစ်သည်ကို သူမ တွေ့ရှိသွားခဲ့သည်။ ဖူကျို့သည် သည်တစ်ကြိမ်တွင်တော့ မည်သည့်ခြေရာ လက်ရာမှ ချန်ခဲ့မည်မဟုတ်ပေ။

ကြီးမြတ်လှသည့်သခင်လေးသည် အလွန်ဉာဏ်ကောင်းသည်။ ထို့ကြောင့် သူမသည် ကြိုတင်ကာကွယ်မှုအချို့ လုပ်ထားရန် လိုလေသည်။

သို့သော် သူမသည် ပုံများကို တင်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ချင်မော့၏ဖန်များအားလုံးသည် ပေါက်ကွဲသွားကြတော့သည်။

“သောက်ကျိုးနည်း ငါ ဘာမြင်လိုက်တာလဲ ငါ ဘာမြင်လိုက်တာလဲဟ”

“မနက်အစောကြီးပဲရှိသေးတယ်လေ၊ ငါ အခုပဲတက်လာပြီး ကြီးမြတ်လှတဲ့သခင်လေးကို လာကြည့်တုန်းရှိသေး၊ ကြီးမြတ်လှတဲ့သခင်လေးက Weibo ပေါ်ပိုစ့်တင်လိမ့်မယ်လို့ တစ်ခါမှတောင် စိတ်မကူးဖူးဘူး၊ ဒါပေမဲ့ ဒါ ဘာအဓိပ္ပာယ်လဲ၊ ဓာတ်ပုံတစ်ပုံလား၊ သူအိပ်နေတဲ့ပုံတဲ့လား၊ ဟိဟိ ငါ အိပ်မက် မက်နေတာပဲဖြစ်ရမယ်”

“ ကြီးမြတ်လှတဲ့သခင်လေးက ဒီလိုအခိုက်အတန့်ကို ဝေမျှတာ ဒါပထမဆုံးပဲ၊ ဝိုး အရမ်းချောတာပဲ၊ ကြီးမြတ်လှတဲ့သခင်လေးက အိပ်နေတာတောင် အရမ်းစည်းကမ်းရှိတဲ့ပုံပေါက်နေတာလဲ၊ ငါတော့ လိင်ပြောင်းတော့မယ်ကွာ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now