အပိုင်း(၂၄၈) ကြီးမြတ်လှတဲ့သခင်လေးချင် လှုပ်ရှားခြင်း

738 79 0
                                    

အပိုင်း(၂၄၈) ကြီးမြတ်လှတဲ့သခင်လေးချင် လှုပ်ရှားခြင်း

“ အသင်းရဲ့ ပန်းပွင့်လေး တဲ့လား”

ဖူကျို့သည် ပန်းကလေးတစ်ပွင့်လို လှပသော လင်းဖုန်း ၏မျက်နှာကို ကြည့်ပြီး ရိုးရိုးသားသား မှတ်ချက်ပေးလိုက်လေသည်။

“နင်နဲ့ တကယ်လိုက်တာပဲ၊ အသင်းကလူတွေအားလုံး ပေါင်းလိုက်ရင်တောင် နင့်အလှကို ကျော်နိုင်မှာ မဟုတ်ဘူးရယ်”

လင်းဖုန်းသည် အများကြီးသောက်ထားရာ လျှာလေးနေတော့သည်။

“ နင် အဲစကားကို ပြောတော့ ဒီက တစ်ဦးတည်းသောမိန်းကလေးရဲ့ ခံစားချက်ကိုရော စဥ်းစားပေးမိရဲ့လားဟင်”

“ ငါ့အထင်တော့ ဒီ ‘ အသင်းရဲ့ပန်းပွင့်လေး’ ဆိုတဲ့ဂုဏ်ထူးကို နင့်ကို ပေးလိုက်ရင် ယောင်ယောင်က ပိုတောင် ပျော်နေအုံးမှာလေ”

ဖူကျို့သည် ထပ်ရယ်လိုက်ရာ သူမ၏ပုံရိပ်မှာ အလွန်နုနှယ်ဟန် ဖြစ်နေတော့သည်။

ရွှယ်ယောင်ယောင်သည် နှုတ်ဆိတ်နေလိုက်လေသည်။ သူမ၏နှလုံးသားထဲတွင် ဖူကျို့သည် အကောင်းဆုံး ဖြစ်နေသော ကြောင့်ပင်။

သူမသည် မိန်းကလေးလို ပြန်ဝတ်စားခဲ့လျှင်တောင် သူမသည် မှင်တက်ဖွယ် ဖြစ်နေအုံးပေလိမ့်မည်။

သူမသည် နောက်ဖြစ်လာမည့် အရာအတွက် ယခုကတည်းကပင် စိတ်ပူနေမိလေသည်။ Supreme အသင်းသားတစ်ယောက် အနေဖြင့် မင်းသားလေးကျို့သည် သူမ မိန်းကလေးဖြစ်ကြောင်းကို ကြာကြာ ဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။

ဖူကျို့သည် ရွှယ်ယောင်ယောင်က သူမကို ကြည့်နေသည်ကို သိသွားသောအခါ ရွှယ်ယောင်ယောင်ဖက်လှည့်ကာ မျက်ခုံးပင့် ပြလိုက်သည်။

“ဘာလဲဟင်”

“ဘာမှ မဟုတ်ပါဘူး...”

ရွှယ်ယောင်ယောင်သည် စကားထပ်ပြောမည် အပြုတွင်...

.....အဝေးရှိ လက်ထဲတွင်ဖုန်းနှင့် ကစားနေသော ကြီးမြတ်သော သခင်လေးချင်သည် သူတို့ထံ လျှောက်လာခဲ့လေသည်။

ရွှယ်ယောင်ယောင်သည် မြင်လိုက်သော်လည်း မင်းသားလေးကျို့ကို သတိမပေးလိုက်နိုင်မည်တွင် ကြီးမြတ်လှသည့် သခင်လေးချင်သည် ရုတ်တရက် ကပ်လာပြီး သူ့လက်သည် သူမ ထိုင်ခုံ၏နောက်မှီကို ကျရောက်သွားလေသည်။ သူသည် အသာအယာရယ်ရင်း ဆွဲဆောင်မှုရှိပြီး လေးနက်သောလေသံဖြင့် ပြောလာသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now