အပိုင်း (၂၆၃) ငါတို့ရဲ့အိပ်မက်

632 69 0
                                    

အပိုင်း (၂၆၃) ငါတို့ရဲ့အိပ်မက်

လင်ဖုန်းသည် သရော်လိုက်ပြန်သည်။

“ သူက အကောင်းမြင်ပြီး  အဲဒီအန်တီတွေကို အထာမပေးဘူးဆိုတာ သေချာလို့လား၊ အဲဒီအန်တီတွေကို ဆယ့်ရှစ်နှစ်သမီးတွေလို မြင်ပြီး ဘယ်လိုတောင် သူက စကားပြောနိုင်ရတာလဲ”

တိမ်ကျားသည် ထိုအကြောင်းကို စီစစ်ကာ သူ့ခေါင်းထဲတွင် အချိန်တော်တော်ကြာအောင် ပြန်ပြောင်းတွေးနေမိသည်။

လင်ဖုန်းသည် ကော်ဖီနောက်တစ်ငုံ သောက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“အဲဒီအန်တီက သူ့ကို စပွန်ဆာ ပေးလိုက်ပြီနေမှာ၊ ငါမှာတော့ မျက်စိလည်လို့ ကောင်မလေးတစ်ယောက် တောင်မရသေးဘူး”

တိမ်ကျားသည် လေယာဥ်တက်လက်မှတ်ကို ဆော့ကစားနေလိုက်သည်။

“ဒါက မင်းပြောနေတဲ့ အကြောင်းအရာနဲ့လဲ ဘာမှမဆိုင်ဘူး၊ ဒါက မင်းအမြင်လေ၊ မင်းရဲ့အမြင်တွေကို အထူးကုသမှုအားလုံးကို ခံယူပြီး မေ့လိုက်ပါတော့လား”

ချင်မော့က ထိုအထာပေးတတ်လွန်းသည့် လူငယ်လေးကို သူ့လက်ဖြင့် နောက်ပြန်ဆွဲလာသည့်အခါ သည်အပိုင်းတွင် အသင်းသားများသည် ထင်မြင်ချက်များကို ဖလှယ်နေကြတော့သည်။

“ ဟိုတယ်လိပ်စာကိုပဲ အရင်မှတ်မိအောင် လုပ်ကြအုံး၊ ဖုန်းရီက ကိစ္စတစ်ခုကြောင့် နေခဲ့လိမ့်မယ် ပြီးတော့ အတွင်းရေးမှူးလျန်က သူ့တာဝန်တွေကို လွဲယူထားပေးလိမ့်မယ်၊ ဒီ သုံးရက်တာ လေ့ကျင့်ရေးကာလအတွင်းမှာ အခက်အခဲတစ်ခုခု ကြုံလာရင် သူ့ဆီသွားလို့ရတယ်၊ COCO နဲ့ ဖက်တီးက လေယာဥ်ပေါ်ရောက်နှင့်နေပြီ၊ အခုချက်ချင်း ငါတို့ရဲ့ အချိန်တွေကို တိုက်ပြီး ငါတို့ရဲ့ IDတွေကို နှစ်ခါလောက် ပြန်စစ်ကြမယ်”

ချင်မော့သည် စစ်တပ်အသိုင်းအဝိုင်းမှ လာသူဖြစ်ရာ သူ့လုပ်ကိုင်ပုံများက သက်သေပြနေသည်။

သူ စကားပြောပြီးသည်နှင့် အားလုံးက နားထောင်လိုက်ပြီး စကားပြောသံ ထပ်မကြားရတော့ချေ။

အားလုံး နေရာချပြီးသွားသောအခါ Supremeအသင်းသည် တရားဝင် စတင် ပျံသန်းလိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now