အပိုင်း (၂၆၉) ပိုပိုပြီး သဝန်တိုနေမိတယ်

669 66 1
                                    

အပိုင်း (၂၆၉) ပိုပိုပြီး သဝန်တိုနေမိတယ်

“အစ်ကိုမော့ နင်လေးက သူ့နောက်ကွယ်က အကြောင်းကို သိတယ်ဆိုရင်တောင် ထူးထူးဆန်းဆန်းတွေ လုပ်မပြောပါနဲ့၊  မဟုတ်ရင် ငါတို့အတွက် မိတ်ဆွေတွေ ဆက်ဖြစ်နေဖို့ ခက်ခဲသွားလိမ့်မယ်”

ဖူကျို့သည် အွန်လိုင်းဂိမ်းကို စတင်ကစားရခြင်းမှာ အပိုဝင်ငွေရရှိရန်ဖြစ်ပြီး ယခုတွင်လည်း နိုင်ငံအဆင့် ပြိုင်ပွဲကို တက်ရောက်ရခြင်းမှာ ဟယ်ဟုန်ဟွာ၏ ကုမ္ပဏီကို ဂုဏ်သိက္ခာအရှိဆုံးနည်းလမ်းဖြင့် ပြန်ရယူပေးချင် သောကြောင့် ဖြစ်သည်။

သူမ ပြောလိုက်သည့်အကြောင်းအရာများက တခြားလူများကို အံ့အားသင့်သွားစေလိမ့်မည်။

ဇုန်စီရဲ့ ကစားသမားဘုရင်အသစ်က မတော်တဆ သူရဲကောင်းဂိမ်းကို တွေ့သွားတာတဲ့လား။

ဘာဖြစ်လို့ပါလိမ့်။

ဖူကျို့သည် လူအများက သူမကို ကြည့်နေသည့်အကြည့်ကို သတိထားမိလိုက်သော်လည်း အော်သာ ရယ်နေလိုက်သည်။

“ ဒါပေမဲ့ ငါလေးက အခု ဒီနေရာမှာရောက်နေပြီဆိုတော့ အကောင်းဆုံးကြိုးစားသွားမှာပါ၊ ငါတို့ရဲ့ပန်းတိုင်က နိုင်ငံအဆင့်ပြိုင်ပွဲပဲလေ၊ ဟုတ်တယ်မလား”

လင်းဖုန်းသည် ဝေခွဲမရဖြစ်နေဆဲ။

“ ဒါဆိုရင် နင် ပထမတုန်းက ဘာလုပ်ချင်ခဲ့တာလဲ၊ ဇုန်စီမှာ ဘာလို့  FCအများကြီး ယူခဲ့တာလဲ”

“ ငွေရှာဖို့လေ၊ ဖူကျုံးရီက မိသားစုစာရင်းကနေ ငါ့နာမည်ကို ဖယ်ရှားလိုက်တယ်လေ၊ ပြီးတော့ ငါ့အမေရဲ့ ကုမ္ပဏီကလဲ ဒုက္ခရောက်နေတာ၊ ငါသာ ငွေထွက်မရှာရင် ငါတို့ လက်ရှိနေနေတဲ့အိမ်ကို ဘဏ်မှာ အဆုံးခံရတော့မှာ၊ အဲဒီသုံးယောက်ကို သူတို့လိုချင်တာ ရသွားခွင့် ဘယ်လိုမှ ပေးနိုင်ဘူး၊ အရင်ဆုံး ငါပိုက်ဆံလိုတယ်လေ ဒါကြောင့် ပိုက်ဆံရဖို့ ငါ တခြားလူတွေအတွက် ကစားပေးခဲ့တာ။ ဒါက တကယ်ပဲ တော်တော်လေးကို အကျိုးရှိတယ်”

ဖူကျို့သည် အမှန်တရားကို ရိုးရိုးသားသား ပြောပြလိုက်၏။

ဖုန်းရှန်သည် ဝမ်းနည်းနေသော မျက်လုံးလေးများနှင့် သူမကို ဘေးကနေ ကြည့်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now