အပိုင်း (၃၂၅) ဓာတ်ပုံကို ဘယ်သူတင်လိုက်တာလဲ

493 45 0
                                    

အပိုင်း (၃၂၅) ဓာတ်ပုံကို ဘယ်သူတင်လိုက်တာလဲ

တကယ်ပဲ ဓာတ်ပုံကို ဘယ်သူတင်လိုက်တာလဲ။

အထူးသဖြင့် ဓာတ်ပုံကို သည်ရှုထောင့်နှင့် သည်အလင်းရောင်အောက်တွင် ရိုက်ထားခြင်းဖြစ်သည်။ သည်လူသည် ကြီးမြတ်လှသည့်သခင်လေးချင်သည် သူ့မျက်နှာကို လူတွေကို ပြသရသည်ကို မကြိုက်ကြောင်း သေချာသိသူဖြစ်ရမည်။ ထို့ကြောင့်သည်လူသည် သူ့မျက်နှာကို တမင်ရည်ရွယ်ချက်နှင့် ဝါးထားခြင်းဖြစ်မည်။ ကြီးမြတ်လှသည့်သခင်လေး၏ ထင်ရှားလှပသော မျက်နှာပုံသဏ္ဌာန်နှင့် သူ၏အနုစိတ်လှသည့် တော်ဝင်မျက်နှာအနေထား ကိုသာမြင်ရလေသည်။

ကြီးမြတ်လှသည့်သခင်လေးချင် အိပ်ပျော်နေသည့်ဤဓာတ်ပုံသည် အလွန်သိမ်မွေ့နူးညံ့လေရာ ချင်မော့ဖန်အားလုံးသည် အလွန်အရေးကြီးသည့် ပြဿနာကို အလိုအလျောက်မေ့သွားကြတော့သည်။

တစ်စုံတစ်ယောက်က သတိပေးလိုက်ပြီးနောက်တွင်မှ စိတ်လှုပ်ရှားမှုအပြည့်ပါသောစကားဝိုင်းသည် တဖန်ထွက်ပေါ်လာပြန်တော့သည်။

“မိန်းမလှလေးတို့  ၂၀၁၈ မှာမွေးတဲ့ ကျွမ်းကျင်ဆယ်လ်ဖီးရိုက်သူတစ်ယောက်အနေနဲ့ နင်တို့လေးတွေကို ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်မယ်၊ ဒီလိုရှုထောင့်ကနေပြီးတော့ ဆယ်လ်ဖီးရိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးနော်၊ ဆယ်လ်ဖီးရိုက်တံနဲ့ဆိုရင်တောင် မဖြစ်နိုင်ဘူး.... တစ်ယောက်ယောက်က ရိုက်ပေးမှပဲ ဖြစ်မှာ”

“ပြီးတော့ ကြီးမြတ်လှတဲ့သခင်လေးက ဆယ်လ်ဖီးရိုက်ခဲ့ရင်တောင် သူ ဘယ်တော့မှ ဆယ်လ်ဖီးရိုက်တံ သုံးမှာမဟုတ်ဘူး”

“အပေါ်နှစ်ခုမြောက်က မှတ်ချက်ကို ကောက်ချက်ပြန်ချရရင် ဒီပုံကို တစ်ယောက်ယောက်က ရိုက်ထားတာဆိုတာ ၁၀၀%သေချောတယ် ဒီတော့ အဲဒီလူက ဘယ်သူဖြစ်မလဲ”

“ပုံကိုကြည့်ရင် ကြီးမြတ်လှတဲ့သခင်လေးချင်က အိပ်ပျော်နေတယ်ဆိုတာကို အလွယ်တကူ သိနိုင်တယ်၊ ဒါပေမဲ့ အဲဒီလူက ကြီးမြတ်လှတဲ့သခင်လေး အိပ်နေတုန်း အဲနေရာမှာရှိနေတာပဲ...ဒီလိုဆိုရင် သောက်ကျိုးနည်း ဘယ်သူဖြစ်မလဲ”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now