အပိုင်း (၂၄၉) ဖူကျို့နဲ့ ချင်မော့က ချစ်စဖွယ်အတွဲတစ်တွဲ ဖြစ်လာတယ်
အပြင်ဘက်တွင် အေးခဲနေလေသည်။
မြောက်ပိုင်းဆောင်းည၏ အေးစက်မှုကို မိုးက အထူးအားပေးနေလေသည်။
သူတို့သည် အပြင်ဖက်သို့ ထွက်လာပြီးနောက် သူတို့၏ရှူထုတ်လိုက်သောလေက လေထဲတွင် အဖြူရောင်အငွေ့ ဖြစ်သွားသည်ကို မြင်လိုက်ကြသည်။
ဖူကျို့သည် အလွန်အေးနေသာ်လည်း သူမ၏ဘက်ဖက်လက်ကို ကိုင်ထားသော တစ်စုံတစ်ယောက်၏လက်မှာ နွေးနေလေသည်။
ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် ကောင်လေးတွင် အနွေးထည်မပါလာသည်ကို ချင်မော့ သတိထားမိသွားသည်။ သူသည် မျက်လုံးများကို ကျုံ့လိုက်ပြီး တချိန်ထဲတွင် သူ့ယူနီဖောင်းကို ချွတ်လိုက်ကာ ကောင်လေးကို ခြုံပေးလိုက်သည်။
ဤသည်မှာ အန္တရာယ်ဖြတ်ကျော်ပြီးသည့်လက္ခဏာ ဖြစ်ပေသည်။
ဖူကျို့သည် သူမ၏ဗိုက်ကို ကိုင်ရင်း ပြောလိုက်သည်။
“အခုချိန် စွပ်ပြုတ်ပူပူလေး သောက်လိုက်ရရင် သိပ်ကောင်းမှာပဲ”
ချင်မော့သည် ဒေါသဖြင့် အော်ရယ်လိုက်တော့သည်။
“ အပြစ်တွေအများကြီး လုပ်ထားတဲ့သူကများ၊ မင်းက မင်းကိုယ်မင်းတော့ တော်တော်ချစ်တတ်တာပဲကိုး ဟမ်”
“အစ်ကိုကြီးက သူ့ညီငယ်လေးကို နည်းနည်းတော့ ချီးမြှင့်သင့်တယ်မလား”
ဖူကျို့သည် ရွှတ်နောက်နောက် ပြုံးပြလိုက်လေသည်။
“ ငါလေးက ကတိပေးထားတဲ့အတိုင်း ပြိုင်ပွဲကို နိုင်အောင် ကစားခဲ့တယ်လေ ပြီတော့ ပထမဆုတောင် ရခဲ့သေးတဲ့ဟာကို”
အတွင်းရေးမှူးလျန်သည် ထိုနှစ်ယောက်နောက်သို့ လိုက်လာသော်လည်း သူသည် ထိုနှစ်ယောက်၏ စကားကို ကြားနေရသောကြောင့် တိတ်ဆိတ်စွာ ကောင်းကင်ကိုသာ မော့ကြည့်ရင်း နေရလေတော့သည်။ ထိုနှစ်ယောက်သည် သူတို့၏ ဇာတ်ကောင်များထဲတွင် အလွန်နစ်မြောနေကြလေသည်။
အစ်ကိုကြီး ၊ ညီလေးနဲ့.... ဘာဖြစ်လို့ ငါကပဲ ဒီရင်းနှီးမှုကို မြင်နေရတာလဲကွာ
YOU ARE READING
ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2
Romancebook 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်