၂၀၁။ စိတ်ငြိမ်ကျောက်စိမ်း - ၃

4.7K 143 2
                                    

၂၀၁။ စိတ်ငြိမ်ကျောက်စိမ်း - ၃

ကြောင်နက်လေးလက်ချက်ကြောင့် ကြာပန်းလေးက အခန်းထောင့်တွင် ဒူးပိုက်ထားရင်း တအီအီ ငိုကြွေးနေသည်။

ဂျန်ဝုရှီက ကြာပန်းလေးကို ချီပိုး၍ သူသက်သာရာရအောင် တင်းတင်းကျပ်ကျပ် ဖက်ပေးထားသည်။ ကြာပန်းလေးက ရှိုက်ရှိုက်ပြီး ငိုကြွေးနေတုန်းပင်။

“အဲဒါ စိတ်ငြိမ်ကျောက်စိမ်းဆိုတာ နင် သေချာပြောနိုင်လား” ဂျန်ဝုရှီက ကျောက်စိမ်းအကြောင်း သိချင်နေသည်။ ထိုကျောက်စိမ်းပိုင်းက ဝိညာဉ်ကမ္ဘာမှ စိတ်ငြိမ်ကျောက်စိမ်းဆိုလျှင် ဝိညာဉ်ကို ဆွဲယူနိုင်သည့် စွမ်းရည်ရှိသည်ဆိုတာ ရှင်းပြပြီး ဖြစ်သည်။

စိတ်ငြိမ်ကျောက်စိမ်းက ဝိညာဉ်ကို ကာကွယ်၍ ကုစားပေးလေ့ရှိပြီး မပြည့်စုံသည့် ဝိညာဉ်များအပေါ် အလုပ်လုပ်သည်။ ထို့ကြောင့် သာမန်လူက ၎င်းကျောက်စိမ်းကို ထိလျှင်, မည်သို့မျှ တုံ့ပြန်မည် မဟုတ်ပေ။

သူမအပေါ်တွင်တော့ ကျောက်စိမ်း၏ တုံ့ပြန်မှုက ကွဲပြားသည်။ သူမနှင့် ကြောင်နက်လေးက အစောပိုင်းတွင် သူတို့၏ ဝိညာဉ်များကို ပေါင်းစပ်ထားပြီး တခြားခေတ်သို့ ကူးပြောင်းလာသူများ ဖြစ်ကြကာ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားကြခြင်း ဖြစ်သည်။ သူမ ဝိညာဉ်က ခန္ဓာကိုယ်နှင့် ကွက်တိမပေါင်းစပ်သေး၍ စိတ်ငြိမ်ကျောက်စိမ်းက မပြည့်စုံသည့် ဝိညာဉ်လို့ သတ်မှတ်ပြီး သူမဝိညာဉ်ကို ကုစားရန် စုပ်ယူဖို့ ကြိုးစားခဲ့သည်။

“ငါ... ငါ သေချာမသိဘူး, အဲကျောက်စိမ်းက ငါ မြင်ဖူးတဲ့ ရုပ်ပုံနဲ့ ကွက်တိတူနေတာနဲ့ ဝိညာဉ်ကမ္ဘာက စွမ်းအင်တွေ ကိန်းအောင်းနေတာကိုပဲ ငါ  သိတယ်။” ဂျန်ဝုရှီ၏ နူးညံ့သည့် လက်များဖြင့် သက်သာအောင် လုပ်ပေးထားခြင်းကြောင့် ကြာပန်းလေးက အနည်းငယ် တည်ငြိမ်သွားပြီး ကြောင်နက်လေးကို တစ်ချက် ခိုးကြည့်လိုက်သေးသည်။ ကြောင်နက်လေးက သူ့အား မျက်စိဒေါက်ထောက် ကြည့်နေဆဲကို တွေ့လိုက်ရလျှင် သူ့မျက်နှာကို ဂျန်ဝုရှီ၏ ရင်ခွင်ထဲတွင် ကွယ်ဝှက်ထားလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now