၃၉၇။ "အားကျခြင်း, မနာလိုခြင်း, မုန်းတီးခြင်း - ၁"

456 44 0
                                    

၃၉၇။ အားကျခြင်း, မနာလိုခြင်း, မုန်းတီးခြင်း - ၁

အင်း ယင်ယန်က ခေါင်းညိတ်ပြသည်။

အမကြီးနင်က နောက်ဆုံးတွင် ကျေနပ်သွားပြီး ယင်ယန်ကို လက်ခါ၍ ထွက်သွားခိုင်းသည်။ သူက ဆန့်ကျင်ဘက် မပြောရဲတော့ဘဲ နာခံသည့်အနေဖြင့် သားရဲဝိညာဉ်ဌာန စာကြည့်တိုက်ထဲမှ ထွက်ခွာသွားသည်။

အိပ်ဆောင်ထဲရှိ ဂျန်ဝုရှီက ဂူလီရှန်၏ အထူးတလည် အရေးစိုက်မှုကြောင့် သူမထံ ပြဿနာပေါင်းများစွာ ဖြစ်ပေါ်လာမှာကို သတိမပြုမိပေ။

ယင်ယန် ပြန်မလာတာကို မြင်ရလျှင် ဂျန်ဝုရှီက လေညင်းကျောင်းတော်၏ ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။ သည်ဝတ်စုံက အဆမတန် အခကြေးငွေကို ယူထားသည့် အတွက် ပြန်လည် ပေးအပ်သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ သူတို့က အသေးစိတ် ဂရုတစိုက် ပြင်ဆင်ပေးထားကြသည်။ တပည့်များ သုံးသည့် ဝတ်စုံများကို အကောင်းဆုံး ချည်သားဖြင့် ချုပ်လုပ်ထားသည်။ သို့သော် ဒါက သူတို့ ဝန်ဆောင်မှုပေးသည့် အထဲမှ တစ်ခုသာ ဖြစ်သည်။

တပည့်များ ကျောင်းတော်သို့ ဝင်ရောက်သည့် ပထမဆုံးနေ့မှာ, နောက်တစ်နေ့အတွက် သူတို့နှင့် သက်ဆိုင်သည့် ဌာနများသို့ သတင်းပို့ကြရုံသာ လုပ်ဆောင်ကြရမည် ဖြစ်သည်။ ထိုပထမဆုံးညမှာပင် လေညင်းကျောင်းတောင် အကြောင်းကို သင်ပြပေးသည့် သင်တန်းသို့ သွားရောက်ကြရသည်။

ညစာ မစားရသေးခင်, တပည့်သစ်ဆယ်ယောက်က အုပ်စုငယ်များ ဖွဲ့၍ သင်တန်းသို့ သွားကြသည်။ တပည့်သစ်များအားလုံးက လေညင်းကျောင်းတော် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ထိုလူငယ်များအားလုံးက ပြုံးပျော်နေကြသည်။

ဂျန်ဝုရှီက အခန်းထဲသို့ တစ်ယောက်တည်းသာ ဝင်လာသည်။ အခန်းကျယ်ကြီးထဲတွင် တပည့်များအားလုံးက ထိုင်နေကြသည်။ ဂျန်ဝုရှီ ရောက်လာတော့ သူတို့ အားလုံးက သူမအပေါ်သို့ အာရုံရောက်လာကြပြီး သူမအကြောင်းကို ပြောဆိုလာကြသည်။

တပည့်များ တစ်ယောက်ချင်းစီက ဂျန်ဝုရှီနှင့် အတူတူ လေညင်းကျောင်းတော်သို့ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် သူတို့က မယုံနိုင်လောက်အောင် ကံကောင်းသော သူမအပေါ်မှာ အကြီးအကျယ် ရန်သူလို သဘောထားနေကြသည်။ ဝိညာဉ်ကုစားဌာနက တစ်နှစ်မှာ တပည့်သုံးယောက်လောက်သာ လက်ခံမှန်း သူတို့ အားလုံး သိထားကြသည်။ ဂျန်ဝုရှီက တရားဝင်ကျောင်းသား မဖြစ်သေးခင်မှာပင် နေရာတစ်နေရာကို သိမ်းပိုက်ထားလေပြီ။ ဒါက နောက်ထပ် နေရာများအတွက် ယှဉ်ပြိုင်မှုက ပြင်းထန်မည်ဟူ၍ ဆိုလိုသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now