၇၁၃။ ခရမ်းရောင်ဝိညာဉ်စွမ်းအား၏ စိုးမိုးခြယ်လှယ်နိုင်စွမ်း (၃)

249 34 0
                                    

၇၁၃။ ခရမ်းရောင်ဝိညာဉ်စွမ်းအား၏ စိုးမိုးခြယ်လှယ်နိုင်စွမ်း (၃)

နောက်တစ်ခဏတွင် စိုးမိုးခြယ်လှယ်သော ဖိအားတစ်ရပ်က လူတိုင်းအပေါ်သို့ ရောက်ရှိလာသည်။ လေညင်းကျောင်းတော်သား အားလုံး ချွေးအေးများဖြင့် စိုရွှဲကုန်သည်။ မွန်းကျပ်စေသော ဖိနှိပ်အားက သူတို့အား အသက်ရှူရ ကျပ်စေသဖြင့် သူတို့ မျက်နှာများ ဖြူရော်သွားကြသည်။ သူတို့ ရင်ဘတ်များ ဖားဖိုများလို ဖြစ်လာကြပြီး လက်ဖြင့် ဖိထားကြရသည်။ သူတို့ အသက်ရှူဖို့ ရုန်းကန်နေကြရသည်။

ဒါက ခရမ်းရောင်ဝိညာဉ်စွမ်းအား၏ ဖိနှိပ်နိုင်သော စွမ်းအား အော်ရာဖြစ်သည်။

ဝမ်ရှင်းဟန် ထုတ်လွှတ်သော စွမ်းအားကြောင့် နင်ရူနှင့် တချို့တလေက လွဲ၍ တခြားလူများက သူတို့နေရာမှာ ရပ်တည်နေခြင်းငှာပင် မစွမ်းသာကြချေ။

ဝမ်ရှင်းဟန်က ဖန်ဂျင်ကို ဒီနေရာမှ ခေါ်ထုတ်သွားဖို့ အင်အားသုံး လုပ်ဆောင်လိမ့်မည်ဟူ၍ နင်ရူ တစ်ခါမှ မစဉ်းစားမိခဲ့ပေ။ ဝမ်ရှင်းဟန်က ဖန်ဂျင်ကို ကာကွယ်လိုငြားသော်လည်း သူက ဒီတစ်ချိန်လုံး အမြဲတမ်း နူးညံ့သော အမူအရာသာ ရှိခဲ့သည်။ ကနေ့ သူ့မျက်စိရှေ့ရှိ ဝမ်ရှင်းဟန်က လုံးလုံး ပြောင်းလဲသွားလေပြီ။ သူက များများစားစား ရှင်းပြချင်စိတ်ပင် မရှိဘဲ ချက်ချင်းပင် သူ၏ ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်သည်။

ဂုယင်က ဝမ်ရှင်းဟန်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဒေါသထွက်ဟန်ကို ပြသနေသည်။ သူ ခဏလောက် မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။

ဆရာကြီးဝမ်က ဒီကိစ္စမှာ အမှန်တရားကို ပြသဖို့ထက် ဖန်ဂျင်ကို မရမက ကယ်တင်ချင်နေမှတော့, ကျနော်တို့ထဲက ဘယ်သူမှ ဆရာကြီးကို လမ်းပိတ်မထားနိုင်ပါဘူး။ ထိုသို့ ပြောပြီးနောက် ဂုယင်က ခါးကို အနည်းငယ် ကိုင်းပေးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်၍ လမ်းဖွင့်ပေးလိုက်သည်။ ဝမ်ရှင်းဟန်အား ဆက်လက်လုပ်ဆောင်ရန် လက်ဟန်ဖြင့် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Tempat cerita menjadi hidup. Temukan sekarang